လွိုင်​လင်​မြို့နယ်​ ပါဟုတ်​​ကျေးရွာ ရာအိမ်​မှူးကို အမည်မသိ မျက်​နှာဖုံးစွပ်​သူက​လုပ်​ကြံသတ်​ဖြတ်


ရှမ်းပြည်​နယ်​ ​တောင်​ပိုင်းလွိုင်​လင်​မြို့နယ်​ ပါဟုတ်​​ကျေးရွာ ရာအိမ်​မှူးကို နိုဝင်​ဘာ ၁၉ရက်​ ည​နေ ၆နာရီ အချိန်​က အမည်​မသိ မျက်​နှာဖုံးစွပ်​သူသုံးဦးက ဓါးဖြင့်​လုပ်​ကြံသတ်​ဖြတ်​မှုဖြစ်​ပွားခဲ့​ကြောင်း သိရသည်​။

ဖြစ်​စဉ်​တွင်​ ပါဟုတ်​​ကျေးရွာ ရာအိမ်​မှူး ဦးဖြား​မောင်​သည်​ ​တောင်​ယာအလုပ်​မှပြန်​လာပြီး ထမင်းစားပြီးကာ အိမ်​​ပေါ်တက်​ရာမှာ လုပ်​ကြံသတ်​ဖြတ်​ခံရ​ကြောင်းသိရသည်​။

``​​တောင်​ယာလုပ်​တာပြန်​လာပြီး ထမင်းစားတယ်​။ ထမင်းစားပြီးအိမ်​​ပေါ်တက်​သွားတဲ့အချိန်​မှာ ​ခေါင်းစွပ်​မျက်​နှာအုပ်​ထားတဲ့အမည်​ မသိသူသုံးဦးက ဦးဖြား​မောင်​​ကို ဓါးနဲ့သတ်​ဖြတ်​တယ်​ မိန်းမကမီးဖို​ဆောင်​မှာအသံကြား​တော့ အိမ်​​ပေါ်တက်​ကြည့်​တဲ့အခါမှာ ​သေဆုံးသွားပြီ´´ဟု ရှမ်းပြည်​နယ်​ ရဲတပ်​ဖွဲ့ ဒုရဲမှူးစိုးထွန်း ဝင်းက​ပြောသည်​။

ဦးဖြား​မောင်​ အသက်​ ​ ၄၉ နှစ်​သည်​​နေရာတွင်​ပင်​ ​လည်ပင်း​​ပြတ်​ဖြင့်​​သေဆုံးသွား​ကြောင်း၊ သတ်​ဖြတ်​သူသည် ​မည်​သူမည်​ဝါသိရှိခြင်းမရှိ​ဘဲ ထွက်​​ပြေးသွား​ကြောင်းသိရပါတယ်​။

``လွန်​ခဲ့တဲ့ နှစ်​ရက်​​လောက်​က ဦးဖြား​မောင်​ကို အမည်​မသိသူစိမ်းက​ဝေ့ဝိုက်​​ချောင်း​မြောင်း​နေတာကို ရွာသား​တွေက​တွေ့တယ်​၊ ဦးဖြား​မောင်​က ​နေအိမ်​ကိုပြန်​မအိပ်​ဘဲ အခင်းဖြစ်​တဲ့​နေ့မှပြန်​လာတာ´´ဟု​ဒေသခံ​များက​ပြောသည်​။

ဦးဖြား​မောင်​သည် ​ရွာသား​ပြောပြချက်​အရ ဘယ်​သူ့ကိုမှ ရန်​ငြိုးရန်​စ မရှိခဲ့​ကြောင်း၊ ယခုလိုဖြစ်ခြင်းသည် ​​​ဘာ့​ကြောင့်​ဖြစ်ရခြင်းကို ​​မသိရှိ​​သေးေ​ကြာင်း သိရပါတယ်​။

အမှုနဲ့ပတ်​သက်​ပြီး တရားခံကိုဖမ်းဆီးရမိ​နိုင်ရန် ​​ရဲတပ်​ဖွဲ့ ကလုပ်​​ဆောင်​​နေ​ကြောင်း၊ ဒီအမှု နှင့်ပတ်သက်​ပြီးလွိုင်​လင်​ ရဲစခန်းတွင်​ ရာဇသတ်​ကြီး ပုဒ်​မ ၃၀၂ လူသတ်​မှုဖြင့်​အမှုဖွင့်​ထား​ကြောင်းသိရပါ သည်​။

ခွန်​ရာဇာ
The People's Voice - ခမ်းသားငေါဝ်း
https://www.facebook.com/KhamSarNgor/
လွိုင်​လင်​မြို့နယ်​ ပါဟုတ်​​ကျေးရွာ ရာအိမ်​မှူးကို အမည်မသိ မျက်​နှာဖုံးစွပ်​သူက​လုပ်​ကြံသတ်​ဖြတ်​ လွိုင်​လင်​မြို့နယ်​ ပါဟုတ်​​ကျေးရွာ ရာအိမ်​မှူးကို အမည်မသိ မျက်​နှာဖုံးစွပ်​သူက​လုပ်​ကြံသတ်​ဖြတ်​ Reviewed by THITHTOOLWIN on 20:18 Rating: 5
Powered by Blogger.