ကျောက်ဖြူမြို့၌ မီးလောင်မှုကြောင့် ကာလ တန်ဖိုး ကျပ် သိန်း ၃၅၀ ခန့် ပျက်စီး ဆုံးရှုံး

ကျောက်ဖြူမြို့ ၌ မီးလောင်မှုအား ငြိမ်းသတ်နေမှုများအား တွေ့ ရစဉ်(ဓာတ်ပုံ- Myanmaalinn)
    ရန်ကုန် ၊ နိုဝင်ဘာ ၅ ရက်(ဆင်ဟွာ)

    ကျောက်ဖြူမြို့၊ မြစ်နားတန်းရပ်ကွက်၌ ယနေ့ နိုဝင်ဘာ ၅ ရက် ၊ နံနက် ၁ နာရီခွဲ အချိန်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ ငါးပုဇွန် အဝယ်ဒိုင်(၁၁)ဒိုင်၊ လူနေအိမ် (၁၆)လုံး၊ လူဦးရေ (၇၀) အိုးမဲ့ အိမ်မဲ့ဖြစ်ခဲ့ရပြီး စုစုပေါင်း ကာလ တန်ဖိုး ကျပ် သိန်း ၃၅၀ ခန့် မီးလောင် ပျက်စီး ဆုံးရှုံးခဲ့ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

ကျောက်ဖြူမြို့၊မြစ်နားတန်းရပ်ကွက်ဖြတ်လမ်း(၇)နှင့်ဖြတ်လမ်း(၈)ကြားရှိ ဦးဇော်မင်းသန်း(ခ)ဦးမောင်မောင်၏ ဂုံးဝယ်ဒိုင်တွင် အလုပ်သမားများဖြစ်သော မောင်ငယ်မှာမောင်လှမြင့်၊ မောင်လှဝင်း၊ ကိုကျော်ဇောလှ တို့နှင့် အတူ ဒိုင်အတွင်း ညအိမ်နေစဉ် ၎င်းတို့သုံးစွဲခဲ့သော လျှပ်စစ်မီးဖိုမှတဆင့် မီးစတင်လောင်ကျွမ်းခဲ့ပြီး ဒိုင်အနီးရှိ အခြား ငါး ၊ ပုဇွန် အဝယ်ဒိုင်များနှင့် လူနေအိမ်များအား မီးကူးစက် လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုမီးလောင်မှုမှာ နံနက်၅ အချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ပြီး လျှပ်စစ်မီးပေါ့လျော့စွာသုံးစွဲသူ ဦးမောင်ငယ်အား ဥပဒေအရ အရေးယူ နိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
ကျောက်ဖြူမြို့၌ မီးလောင်မှုကြောင့် ကာလ တန်ဖိုး ကျပ် သိန်း ၃၅၀ ခန့် ပျက်စီး ဆုံးရှုံး ကျောက်ဖြူမြို့၌ မီးလောင်မှုကြောင့် ကာလ တန်ဖိုး ကျပ် သိန်း ၃၅၀ ခန့် ပျက်စီး ဆုံးရှုံး Reviewed by THITHTOOLWIN on 21:21 Rating: 5
Powered by Blogger.