ဆိပ်ဖြူမြို့နယ် ထင်းကား တစ်စီးတိမ်းမှောက် တစ်သေဆုံး

ဆိပ်ဖြူမြို့နယ်သပြေကျေးရွာအနီးတွင် ထင်းတင်လာသည့်ဖောကား တစ်စီးတိမ်းမှောက် တစ်သေဆုံးမှုဖြစ်ပွားခဲ့
ဆိပ်ဖြူ နိုဝင်ဘာ ၅

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် ကဇွန်မနယ်မြေရဲစခန်းအပိုင် ဆိပ်ဖြူ-ဆော-ကန်ပက်လက်ကားလမ်း သပြေကျေးရွာအနီးတွင် နိုဝင်ဘာလ ၅ ရက်နေ့ နံနက် ၁၀နာရီအချိန်က ထင်းများတင်ဆောင်လာ သည့်ဖောကားတစ်စီး တိမ်းမှောက်ခဲ့ကြောင်းသိရှိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဆိပ်ဖြူမြို့နယ် ရှောက်ပင်အင်းကျေးရွာနေ ကျော်ဝင်းဆောင်(ခ) ဖိုးပေါ မောင်နှင်လာသည့် ဖောကားအပြာရောင် (ယာဉ်အမှတ်မပါ) သည် ဆိပ်ဖြူ-ဆော-ကန်ပတ်လက်ကားလမ်း ဆိပ်ဖြူမြို့သို့မောင်နှင်လာစဉ် သပြေကျေးရွာအနီး မိုင်တိုင်အမှတ် ၁၉မိုင် ၄ ဖာလုံနှင့် ၅ ဖာလုံအကြား ကုန်အဆင်း၌ အရှိန်မထိန်းနိုင်ပဲတိမ်းမှောက်မှုဖြစ်ပွားခဲ့သည်။

 ယာဉ်မောင်း ကျော်ဝင်းဆောင်(ခ) ဖိုးပေါ အသက်( ၃၈)နှစ်၊ ရှောက်ပင်အင်းကျေးရွာနေ သူ သည် ဦးခေါင်းပေါက်၊ နားရွက်ပေါက်ပြဲ၊ ဆီးအိမ်ပေါက်ပြဲ ဒဏ်ရာများရရှိကာအခင်းဖြစ် နေရာတွင်သေဆုံးသွားခဲ့ပြီး ယာဉ်နောက်လိုက် ၀င်းသူ (၂၉)နှစ်၊ ငှက်ပြာကြီးကျေးရွာနေသူမှာ ပေါက်ပြဲဒဏ်ရာများရရှိကာ ကဇွန်မတိုက်နယ်ဆေးရုံး၌ အတွင်းလူနာအဖြစ် တက်ရောက် ဆေးကုသမှုခံယူလျက်ရှိပြီး စိုးရိမ်ဖွယ်မရှိကြောင်းသိရှိရသည်။

 အဆိုပါဖြစ်စဉ်နေရာသို့ ကဇွန်းမနယ်မြေရဲစခန်းမှ ရဲအုပ်သူရဇော်နှင့် တပ်ဖွဲ့ဝင်များ မြို့နယ်မီးသတ်တပ်ဖွဲဦးစီးမှူး ဦးအောင်ဇော်လင်နှင့် တပ်ဖွဲ့ဝင်များ ဒေသခံအုပ်ချုပ်ရေးမှူးနှင့်ပြည်သူများက၀ိုင်ဝန်းကူညီဆောင်ရွက်ပေးခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သတ်၍ ကဇွန်းမနယ်မြေရဲစခန်းက အရေးယူဆောင် ရွက် လျှက်ရှိကြောင်းသတင်းရှိသည်။

ကိုဇွဲ(အညာမြေ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ဆိပ်ဖြူမြို့နယ် ထင်းကား တစ်စီးတိမ်းမှောက် တစ်သေဆုံး ဆိပ်ဖြူမြို့နယ် ထင်းကား တစ်စီးတိမ်းမှောက် တစ်သေဆုံး Reviewed by THITHTOOLWIN on 21:19 Rating: 5
Powered by Blogger.