တောင်ငူအကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံနေရသော သရုပ်ဆောင်ရဲတိုက် ပြန်လည်လွတ်မြောက်လာ


တောင်ငူအကျဉ်းထောင်မှာ ပြစ်ဒဏ်ကျခံနေရတဲ့ သရုပ်ဆောင်ရဲတိုက်ဟာ နိုဝင်ဘာ(၁၇) ရက် မနက်(၈)နာရီက လျှော့ရက်တွေနဲ့ လွတ်မြောက်လာခဲ့ပြီဖြစ်ပါတယ်။ သရုပ်ဆောင်ရဲတိုက်လွတ်မြောက်မယ့်သတင်းတွေကြိုတင်ထွက်ပေါ်ခဲ့တာကြောင့်အကျဉ်းထောင် ရှေ့မှာ ရဲတိုက်ကိုကြိုဆိုဖို့ စောင့်ဆိုင်းနေခဲ့တဲ့ သူ့ရဲ့ပရိသတ်တွေလည်း အလွန်များပြားခဲ့ တာတွေ့ရပါတယ်။

 အကျဉ်းထောင်အတွင်းမှာရှိခဲ့စဉ်က ဘ၀အသစ်ပြန်စဖို့ စဉ်းစားဖြစ်ခဲ့ပေမယ့် လက်ရှိအချိန်ထိ မမေ့သေးဘဲစောင့်မျှော်နေခဲ့တဲ့ ပရိသတ်တွေကို မြင်တွေ့ခဲ့ရတာ ကြောင့် သရုပ်ဆောင်အလုပ်ကို မကြာခင်မှာပြန်လည်လုပ်ဆောင်သွားမယ်လို့ သရုပ်ဆောင် ရဲတိုက်က အခုလိုပြောပါတယ်။

ရဲတိုက်ဟာသရုပ်ဆောင်ကောင်းတစ်ဦးဖြစ်သလို သူ့မှာအနုပညာသွေးအပြည့်ရှိကြောင်း၊ ရဲတိုက်နဲ့လိုက်ဖက်မယ့်ဇာတ်ကားတွေကိုဆက်လက်ရိုက်ကူးသွားဖို့ပြင်ဆင်ထားတယ်လို့ ဆာတိုရီရုပ်ရှင်ထုတ်လုပ်ရေးက ဦးရဲမိုးကပြောပါတယ်။အခုလိုသရုပ်ဆောင်ရဲတိုက် လွတ်မြောက်လာခဲ့တဲ့အတွက် သားဖြစ်သူရဲ့စိတ်ကူးအိပ် မက်တွေ ပြန်လည်ပြုလုပ်နိုင်တော့မယ့်အပေါ်မှာ ၀မ်းသာမိတယ်လို့ ရဲတိုက် ဖခင် ဦးထွန်းညွန့်ဇော်ကပြောပါတယ်။

သရုပ်ဆောင်ရဲတိုက်ဟာ မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှု၊ ခရစ်ယာန်ဘုရားကျောင်းဝင်း အတွင်းဝင်ပြီး ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့မှုကြောင့် သာသနာညှိုးနွမ်းစေမှု ပုဒ်မ(၂)ခုနဲ့ (၂၀၁၄) ခုနှစ် ဧပြီ(၇)ရက်မှာ စုစုပေါင်း ထောင်ဒဏ်(၆)နှစ်ချမှတ်ခံရပြီး တောင်ငူအကျဉ်းထောင်မှာ ပြစ်ဒဏ်ကျခံခဲ့ရတာဖြစ်ပါတယ်။ ဒီသတင်းကို ပန်းချီသန်းဝင်း(ကျောက်ကြီး)ပေးပို့တာ ဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb/
တောင်ငူအကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံနေရသော သရုပ်ဆောင်ရဲတိုက် ပြန်လည်လွတ်မြောက်လာ တောင်ငူအကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံနေရသော သရုပ်ဆောင်ရဲတိုက် ပြန်လည်လွတ်မြောက်လာ Reviewed by THITHTOOLWIN on 13:10 Rating: 5
Powered by Blogger.