ရုရှားတွင် ယာဉ်နှစ်စီးတိုက်မိ၍ လူ ၁၅ဦးသေဆုံး

ရုရှားနိုင်ငံ အလယ်ပိုင်းတွင် ဘတ်စ်ကားတစ်စီးနှင့် ကုန်တင်ကားတစ်စီးတိုက်မိစဉ် (ဆင်ဟွာ)
 မော်စကို၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ)

    ရုရှားနိုင်ငံ အလယ်ပိုင်းတွင် နိုဝင်ဘာ ၁၆ ရက်က ဘတ်စ်ကားတစ်စီးနှင့် ကုန်တင်ကားတစ်စီးတိုက်မိရာ စုစုပေါင်း လူ ၁၅ဦးသေဆုံးခဲ့ကြောင်း ဒေသခံအာဏာပိုင်များကပြောကြားခဲ့သည်။

ရုရှားနိုင်ငံကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ Mari El ရှိ Yoshkar-Ola မြို့ နှင့် Kozmodemyansk မြို့တို့ကို ဆက်သွယ်ပေးထားသော အဝေးပြေးလမ်းမပေါ်၌မော်စကိုစံတော်ချိန် ညနေ ၁၇း၅၆နာရီတွင် ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရုရှားနိုင်ငံ အရေးပေါ်အခြေအနေဆိုင်ရာ ဝန်ကြီးဋ္ဌာနက ထုတ်ပြန်ခဲ့သည်။

ထပ်မံထုတ်ပြန်သည့် သတင်းများအရ ယာဉ်တိုက်မှုကြောင့် အခင်းဖြစ်ပွားရာ၌ပင် လူ ၁၄ဦးသေဆုံးခဲ့ပြီး အခြားအမျိုးသမီးတစ်ဦး မှာ ဆေးရုံသို့ ပို့ဆောင်စဉ်သေဆုံးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဋ္ဌာန၏ ပြောကြားချက်ကို ကိုးကား၍ Interfax သတင်းဋ္ဌာနကဖော်ပြခဲ့သည်။

အရေးပေါ်အခြေအနေဆိုင်ရာ ဝန်ကြီးဋ္ဌာနက စေလွှတ်ခဲ့သည့် ကယ်ဆယ်ရေးအဖွဲ့များ နှင့် အခြား အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များသည် အခင်းဖြစ်ပွားရာသို့ ရောက်ရှိလာပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။

အခြားဒဏ်ရာရရှိသူအားလုံးကို ဆေးရုံသို့ပို့ဆောင်ပေးထားကြောင်း သိရသည်။

ယင်းမတော်တဆမှုအား စုံစမ်းစစ်ဆေးမှုများဆောင်ရွက်လျက်ရှိပြီး ဒေသခံရဲတပ်ဖွဲ့က ယာဉ်မတော်တဆမှုသည် ဆီးနှင်းများ ထူထပ်စွာကျဆင်းနေမှုကြောင့်ဖြစ်နိုင်ကြောင်း ယူဆကြသည်။

(Xinhua)
http://www.xinhuamyanmar.com
ရုရှားတွင် ယာဉ်နှစ်စီးတိုက်မိ၍ လူ ၁၅ဦးသေဆုံး ရုရှားတွင် ယာဉ်နှစ်စီးတိုက်မိ၍ လူ ၁၅ဦးသေဆုံး Reviewed by THITHTOOLWIN on 13:10 Rating: 5
Powered by Blogger.