ရွာသူကြီးအသတ်ခံရပြီး လုံခြုံမှုမရှိသောကြောင့် စာသင်ကျောင်း ပိတ်လိုက်ရ


လွိုင်လင်မြို့နယ် ပါဟုတ်ကျေးရွာတွင် ရာအိမ်မှူး အသတ်ခံရပြီးနောက် လုံခြုံရေးအတွက် စိုးရိမ်ရသောကြောင့် စာသင်ကျောင်းပိတ်လိုက်ရ ကြောင်း နိုဝင်ဘာ၂၅ရက်နေ့က သိရသည်။
၎င်းဒေသသည် ပအိုဝ်း နယ်စပ်ဒေသတွင် တည်ရှိရာ လက်နက်ကိုင် အဖွဲ့စည်းများလည်းရှိသောကြောင့်၊ ကျောင်းဆရာမများ၏ လုံခြုံရေးကို ရွာသားများအနေနှင့် တာဝန်မယူနိုင်သောကြောင့် စာသင်ကျောင်းအား ပိတ်လိုက်ရခြင်း ဖြစ်ကြောင်း သိရသည်။

"ဆရာမတွေက သူတို့ရဲ့လုံခြုံရေးတွက် တာဝန်ယူပေးနိုင်မလား ဆိုပြီး မေးလာတာပေါ့၊ ကျွန်တို့မှာ ကိုယ့်ရဲ့လုံခြုံရေးတောင် စိုးရိမ်နေရတဲ့ အခြေအနေဖြစ်နေတာမို့ တာဝန်မယူနိုင်ဘူးလေ ဆိုတော့ ထောက်ခံ စာရေးပေးပါဆိုလို့ ရေးပေးလိုက်တယ်၊ ဒါကြောင့်ဆရာမတွေ အကုန်ပြန်သွားပြီး စာသင်ကျောင်းကို ပိတ်လိုက်ရ တာပါ''ဟု ကျောင်းကော်မတီများက ပြောသည်။


ပါဟုတ်ကျေးရွာ ရာအိမ်မူးအသတ်ခံရပြီးနောက် ရွာထဲ၌လုံခြုံရေးမရှိ့ သောကြောင့် ရွာသားများလည်း အကြောက်တရားနှင့် နေထိုင်နေရ ကြောင်း သိရသည်။

"ခုဆိုကျောင်းကပိတ်ထားတော့ ကျောင်းသားတွေ စာဆက်မသင်နိုင်တာကို ပညာရေးဌာနက၊အကြီးအကဲတွေ ဘယ်လိုစီစဉ်ပေး မလဲဆိုတာ မသိသေးဘူး၊ ကျောင်းကော်မတီတွေနဲ့တွေ့ဖို့ပညာရေး မှူးကခေါ်ထား တာတော့ရှိတယ်''ဟု ကျောင်းကောမတီများကဆက်ပြောသည်။

၎င်းကျောင်းတွင် ကျောင်းသားဦးရေ ၇၂ဦးရှိပြီး၊ ဆရာမ၄ဦးရှိကြောင်း၊ မူလတန်းကျောင်းဖြစ်ပြီး ပအိုဝ်း၊ ကော်ရခါး၊ ရှမ်းစသည့် တိုင်းရင်းသားကလေးများ ဖြစ်ကြကြောင်း သိရသည်။


ရာအိမ်မူးဦးမောင်သည် ရွာသားများအတွက် ရှေ့တွင် မားမားရပ်တည် ပေးသူဖြစ်သောကြောင့်၊သူအသတ်ခံရပြီး ရွာသားများသည်လည်း သူ့လိုခံရမည် စိုးရိမ်နေကြကြောင်း၊ ကျောင်းထိုင်ဆရာတော်လည်း ၄င်းရွာတွင်မနေရဲတော့ကြောင်း၊ တာဝန်ရှိသူများ အနေဖြင့် လုံခြုံရေးတာဝန်ယူပေးစေလိုကြောင်း သိရသည်။

ပါဟုတ်ရာအိမ်မှူးသည် နိုဝင်ဘာ ၁၉ရက်နေ့တွင် အမည်မသိ မျက်နှာ ဖုံးစွပ်လူတွေက လာရောက်သတ်ဖြတ်ခြင်း ဖြစ်ကြောင်း သိရသည်။

ဒီမိုခွန်၊ နန်းခမ်းဟေမာန်
The People's Voice - ခမ်းသားငေါဝ်း
https://www.facebook.com/KhamSarNgor
ရွာသူကြီးအသတ်ခံရပြီး လုံခြုံမှုမရှိသောကြောင့် စာသင်ကျောင်း ပိတ်လိုက်ရ ရွာသူကြီးအသတ်ခံရပြီး လုံခြုံမှုမရှိသောကြောင့် စာသင်ကျောင်း ပိတ်လိုက်ရ Reviewed by THITHTOOLWIN on 11:17 Rating: 5
Powered by Blogger.