ကော့ကရိတ်မြို့နယ်က မွန်နှစ်ပါတီခေါင်းဆောင်တွေ ပါတီကနေ နှုတ်ထွက်

၂ဝ၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ မွန်ပါတီ မဲဆွယ်ခဲ့စဉ် / Photo: RFA
မွန်ပါတီတစ်ခုတည်း မပေါင်းစည်းနိုင်သေးတာကြောင့် ကော့ကရိတ်မြို့နယ်က မွန်အမျိုးသားပါတီ ခေါင်းဆောင်တွေနဲ့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ခေါင်းဆောင်တွေဟာ မူလပါတီတွေကနေ ဒီနေ့ နုတ်ထွက်လိုက်ပါတယ်။

ပါတီတစ်ခုတည်းမဖြစ်ဘဲ အချင်းချင်းမုန်းနေကြတော့ နှစ်ပါတီစလုံးက ထိပ်ပိုင်းခေါင်းဆောင်တွေ နုတ်ထွက်လိုက်တယ်လို့ ကော့ကရိတ်မြို့နယ် မွန်အမျိုးသားပါတီ ဥက္ကဌ နိုင်ပါလေက ပြောပါတယ်။

မနေ့က ကော့ကရိတ်မြို့နယ်မှာရှိတဲ့ မွန်အမျိုးသားပါတီနဲ့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေ တွေ့ဆုံပြီး နှစ်ပါတီလုံးက မြို့နယ်ပါတီခေါင်းဆောင်တွေ နုတ်ထွက်ဖို့ သဘောတူလိုက်တာလို့ နိုင်ပါလေက ပြောပါတယ်။

ကော့ကရိတ်မြို့နယ် မွန်အမျိုးသားပါတီက မြို့နယ် ဥက္ကဌအပါအဝင် ကော်မတီဝင်တွေ စုစုပေါင်း ၃၆ ဦးရဲ့ နုတ်ထွက်စာကို ပါတီဗဟိုကို ဒီနေ့တင်လိုက်တယ်လို့ သိရပါတယ်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီဘက်ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဖုန်းပိတ်ထားတာကြောင့် ဆက်သွယ်လို့ မရခဲ့တဲ့အတွက် နှုတ်ထွက်တဲ့အရေအတွက်ကို အတိအကျမသိရသေးပါဘူး။

၂၀၁၆ နိုဝင်ဘာလတုန်းကလည်း  မွန်အမျိုးသားပါတီ ဗဟိုကော်မတီအဆင့် ၂ဦးနဲ့ ကော့ကရိတ်မြို့နယ်က မွန်အမျိုးသားပါတီ မြို့နယ်ကော်မတီဝင် ၃ဦးဟာ မွန်နိုင်ငံရေးပါတီတွေခေါင်းဆောင်တွေအပေါ်မှာ  ယုံကြည်မှုမရှိလို့ဆိုပြီး နုတ်ထွက်ခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese
ကော့ကရိတ်မြို့နယ်က မွန်နှစ်ပါတီခေါင်းဆောင်တွေ ပါတီကနေ နှုတ်ထွက် ကော့ကရိတ်မြို့နယ်က မွန်နှစ်ပါတီခေါင်းဆောင်တွေ ပါတီကနေ နှုတ်ထွက် Reviewed by THITHTOOLWIN on 19:30 Rating: 5
Powered by Blogger.