ထီးချိုင့်​မြို့နယ်​တွင်​ ယာဉ်​တစ်​စီး တိမ်း​မှောက်​(၄)ဦး ဒဏ်​ရာရ(၁)ဦး​သေဆုံး


စစ်​ကိုင်းတိုင်း​ဒေသကြီး၊ ကသာခရိုင်​၊ ထီးချိုင့်​မြို့နယ်​၊ တုံလုံ​ကျေးရွာအနီးတွင် ​ကြံများတင်​​ဆောင်​လာ​သော ယာဉ်​တစ်​စီးတိမ်း​မှောက်​သွာရာ တစ်​ဦး​သေဆုံးပြီး ​လေးဦးဒဏ်​ရာရရှိ သွား​ကြောင်းသိရသည်​။

ဖြစ်​စဉ်​မှာ ၁၉၊၁၁၊၁၇ ရက်​​နေ့ည ၉ နာရီအချိန်​ခန့်​တွင်​ ယာဉ်​တစ်​စီးတိမ်း​မှောက်​​နေ​ကြောင်းသတင်းအရ ထီးချိုင့်​မြို့နယ်​၊ ကန်းနီရဲကင်းစခန်းမှူးရဲအုပ်​ကြည်​လွင်​နှင့်​ ရဲတပ်​ဖွဲ့ဝင်​များသည်​သက်​​သေများနှင့်​အတူ အခင်းဖြစ်​​နေရာသို့ သွား​ရောက်​ကြည့်​ရှု့စစ်​​ဆေးရာကြံများနှင့် ကြံတင်လုပ်​သားများ တင်​​ဆောင်​​ကာ ညီညီ​အောင်​ဆိုသူ​မောင်းနှင်​လာ​သော ၅/က ----​အစိမ်း​ရောင်​ ၆ ဘီးယာဉ်​သည်​ ဂရိတ်​​ဝေါသကြားစက်​ရုံသို့အသွား ထီးချိုင့်​မြို့နယ်​၊ ချိတ်​သင်​လမ်းဆုံနှင့်​ တုံလုံ​ကျေးရွာကြား ဗန်း​မော်​ - မန္တ​လေးသွားကားလမ်း မိုင်​တိုင်​အမှတ်​ ၇၆/၇ တွင်​အနီးအ​ကွေ့တွင်​ အရှိန်​မထိမ်းနိုင်​ဘဲ လမ်း၏ညာဘက်​သို့ ပုံပါအတိုင်း တိမ်း​မှောက်​သွားရာ ယာဉ်​​ပေါ်ပါကြံတင်​လုပ်​သား
များဖြစ်​ကြ​သော ထီးချိုင့်​မြို့နယ်​၊ ဇီးဖြူကျင်း​ကျေးရွာ​နေ ခင်​​မောင်​လင်း၊ တင်​​မောင်​လွင်​၊ ချစ်​ကို၊စိုး​မော်​ဦးတို့ ၄ ဦးမှာဒဏ်​ရာများရှိသွားပြီး ရဲကို ဆိုသူမှာ​ဆေးရုံသို့ပို့​ဆောင်​စဉ်​​သေဆုံးသွား သဖြင့်​ထွက်​​ပြေး တိမ်း​ရှောင်​​နေသူယာဉ်​​မောင်းညီညီ​အောင်​၊မြ​တောင်​​ကျေးရွာ၊ ထီးချိုင့်​မြို့နယ်​​နေသူအားထီးချိုင့်​မြို့မရဲစခန်းမှ ဥပ​ဒေအရအ​ရေးယူ ​ဆောင်​ရွက်​ထား​ကြောင်း သိရသည်​။

လူ​အောင်​(ကသာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ထီးချိုင့်​မြို့နယ်​တွင်​ ယာဉ်​တစ်​စီး တိမ်း​မှောက်​(၄)ဦး ဒဏ်​ရာရ(၁)ဦး​သေဆုံး ထီးချိုင့်​မြို့နယ်​တွင်​ ယာဉ်​တစ်​စီး တိမ်း​မှောက်​(၄)ဦး ဒဏ်​ရာရ(၁)ဦး​သေဆုံး Reviewed by THITHTOOLWIN on 19:46 Rating: 5
Powered by Blogger.