နိုဝင်​ဘာ ၈ရက်​​နေ့က စက်​မှုတက္ကသိုလ်​​ကျောင်းသားတစ်​ဦးအပြင်​ တခြားအမျိုးသမီးတစ်​ဦးလည်း AAတို့ ပစ်​ခတ်​ခြင်း​ကြောင်း ​သေဆုံး


နိုဝင်​ဘာ ၁၂

ချင်းပြည်​နယ်​၊ ပလက်​၀မြို့နယ်​၊ ဒိုးချောင်းဝရွာနေ ဦးအောင်ယိုက်၏ဇနီး အသက်​ ၆၀​ကျော်​သည်​ နိုဝင်​ဘာ ၈ရက်​​နေ့က AA လက်​နက်​ကိုင်​တို့၏ ပစ်​ခက်ခြင်း​ကြောင်း ​သေဆုံးခဲ့​ကြောင်း ဆက်​သွယ်​​ရေးခက်​ခဲ​သော ဒိုး​ချောင်းဝရွာသားများထံမှတဆင့် နိုဝင်ဘာလ ၁၂ ရက်နေ့ ည​နေပိုင်းက သတင်းရရှိသည်​။

အမည်​မ​ဖော်​ပြနိုင်​​သေး​သော ​ဒေါ်....သည်​ လင်​​ယောကျာ်းကျန်းမာရေးမကောင်းသဖြင့် ဆေးဝါးကုသစရိတ်​ခက်​ခဲ​သော​ကြောင့်​ မ​လေးရှားရှိသားထံ ပလက်​၀မှတဆင့်​ ဖုန်းဖြင့်​ ငွေ​ကြေးအကူအညီ​တောင်းရန်​ သွား​ခဲ့​သည်​ဟု သိရသည်​။

ဇနီးသည်​ ပလက်​၀သို့သွား​​နေ​သောကာလတွင်​ ဦး​အောင်​ယိုက်​သည်​ ​နေအိမ်​တွင်​​သေဆုံးသွားခဲ့ပြီး ဇနီးအားအ​ကြောင်းကြားရန်​ တစ်​ရွာတည်း​နေ ဦးဝင်းဆိုက်​မှာ ပလက်​၀အထိလိုက်​သွားခဲ့သည်​။

ပလက်​၀မြို့မှဟွန်ဒါ​စက်​​လှေဖြင့်​အပြန်​ နိုဝင်​ဘာလ ၈ရက်​​နေ့ ရွာ​​​ရောက်ခါနီး လမ်းခုလတ်​တွင်​ AA သကသ များ၏ ​ချောင်း​မြောင်းပစ်​ခက်​ခြင်းကို ခံရခဲ့ခြင်းဖြစ်​သည်​။

"ဖြစ်​တာက လွန်​ခဲ့တဲ့ ၅-၆ရက်​​လောက်​ကပါ။ ဆက်​သွယ်​​ရေးခက်​ခဲလို့ ဒီည​နေမှ သတင်းကြားရတာပါ" ဟု ခူမီးမီဒီယာသို့သတင်း​ပေးပို့သူ ​ဒေသခံတစ်​ဦးက​ပြောသည်​။

ထို​နေ့က စက်​​လှေအတူစီးနှင်းလိုက်​ပါလာ​သော စက်​​လှေ​မောင်းသူ ဦးဝင်းဆိုက်​လည်း နုတ်​ခမ်းနားနှင့်​ တစ်​ခြားအတူလိုက်​ပါလာ​သော အမျိုးသမီးတစ်​ဦးမှာလည်း ထိခိုက်​ဒါဏ်​ရာရ​ခဲ့​ကြောင်း ဒိုး​ချောင်းဝရွာသားများထံမှ သတင်းရရှိသည်​။

သေဆုံးသွား​သော အမျိုးသမီး၏အ​လောင်းအား ရွာသို့သယ်​​ဆောင်​ခြင်းမပြု​တော့ဘဲ လင်​​​ယောက်ျား ဦး​အောင်​ယိုက်​၏ သင်္ချိုင်း​ဘေးတွင်​ သဂြိုလ်​ခဲ့​လေသည်​။

ယခုကဲ့သို့ ​အပြစ်​မဲ့​ဒေသခံများအား ပစ်​ခက်​ခြင်းသည်​ မှားယွင်းပစ်​ခက်​ခြင်းလား၊ သို့တည်းမဟုတ်​ ရည်​ရွယ်​ချက်​ရှိရှိပစ်​ခက်​​နေခြင်းလားဟူ​သော ​မေးခွန်းများက ပလက်​၀မြို့နယ်​ရှိ ​ပြည်​သူများအားခြိမ်း​ခြောက်​​စေ​လျက်​ရှိ​ကြောင်း ပလက်​၀မြို့မှလူငယ်​တစ်​ဦးက ​ပြောဆိုခဲ့သည်​။

"တကယ်​မှားပြီးပစ်​တာလား၊ မှားရ​လောက်​​အောင်​လည်း စစ်​ယူနီ​ဖောင်း​တွေဝတ်​ထားကြတာလည်းမဟုတ်​ဘူး။ တမင်​သက်​သက်​ပစ်​တာလားဆိုတာ ​သေချာ​တော့ မသိရဘူး" ဟု ယင်းက​ပြောသည်​။

ထို​နေ့တွင်​ပင်​ ကုလားတန်​မြစ်​​ကြောင်းတ​လျှောက်​စက်​​လှေဖြင့်​ခရီးသွား​နေ​သော စက်​​လှေတစ်​စီးပစ်​ခက်​ခံခဲ့ရပြီး စက်​မှုတက္ကသိုလ်​​ကျောင်းသားတစ်​ဦး ​သေဆုံးခဲ့ရပြီး၊ အမျိုးသမီး ၃ဦးမှာ ထိခိုက်​ဒါဏ်​ရာဖြင့်​ ယခုအချိန်​အထိ ပလက်​၀​ဆေးရုံတွင်​ ​ဆေးကုသမှုခံယူ​နေလျှက်​ရှိ​နေ​သေးသည်​။

AA ပြန်​ကြား​ရေးမှ စစ်​အရှိန်​တက်​လာနိုင်​၍ အသွားအလာ​ရှောင်​ကြဉ်​ရန်​ နိုဝင်​ဘာ ၅ရက်​​နေ့က အင်​တာနက်​မှတဆင့်​ သတိ​ပေးစာထုတ်​ခဲ့​သော်​လည်း ဖုန်းလိုင်းပင်​မမိ​သော ထို​ဒေသကပြည်​သူများအတွက်​ ထိုထုတ်​ပြန်​ချက်​အား အချိန်​မီသိရှိခွင့်​ရှိကြမည်​ မဟုတ်​​ပေ။

နိုဝင်​ဘာ ၂ရက်​​နေ့ကဖြစ်​ပွားခဲ့​သော စစ်​ပွဲ​ကြောင့်​ ကုန်​ပြင်​ရွာသား ၃၀၉ ဦး စစ်​​ဘေး​ရှောင်​အဖြစ်​ ရှင်းလက်​၀သို့ တိမ်း​ရှောင်​​ပြေး​နေရပြီး အကူအညီများအပူတပြင်းလိုအပ်​​နေသည်​။

Khumi Media Group -ခူမီးမီဒီယာ
https://www.facebook.com/khumimediagroup
နိုဝင်​ဘာ ၈ရက်​​နေ့က စက်​မှုတက္ကသိုလ်​​ကျောင်းသားတစ်​ဦးအပြင်​ တခြားအမျိုးသမီးတစ်​ဦးလည်း AAတို့ ပစ်​ခတ်​ခြင်း​ကြောင်း ​သေဆုံး နိုဝင်​ဘာ ၈ရက်​​နေ့က စက်​မှုတက္ကသိုလ်​​ကျောင်းသားတစ်​ဦးအပြင်​ တခြားအမျိုးသမီးတစ်​ဦးလည်း AAတို့ ပစ်​ခတ်​ခြင်း​ကြောင်း ​သေဆုံး Reviewed by THITHTOOLWIN on 10:49 Rating: 5
Powered by Blogger.