နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (၃၁)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်ထိပ်သီးအစည်းအဝေးများ ဖွင့်ပွဲအခမ်းအနား တက်ရောက်


(၁၃-၁၁-၂၀၁၇ ရက်နေ့၊ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့)

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ဒေသစံတော်ချိန် (၀၉၀၀) နာရီတွင် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ Cultural Center of the Philippines ၌ ကျင်းပသည့် (၃၁)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်ထိပ်သီးအစည်းအဝေးများ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။


ဖွင့်ပွဲအခမ်းအနားသို့ အာဆီယံနိုင်ငံများနှင့် အရှေ့အာရှနိုင်ငံများမှ နိုင်ငံ့အကြီးအကဲများ၊ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၊ အာဆီယံနိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ၊ စီးပွားရေးဝန်ကြီးများ၊ လူမှုရေး-ယဉ်ကျေးမှုဝန်ကြီးများ၊ အလုပ်သမားဝန်ကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်နှင့် အခြားဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

ဓာတ်ပုံ- သတင်းစဉ်
Ministry of Foreign Affairs Myanmar
https://www.facebook.com/mofamyanmar/
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (၃၁)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်ထိပ်သီးအစည်းအဝေးများ ဖွင့်ပွဲအခမ်းအနား တက်ရောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (၃၁)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်ထိပ်သီးအစည်းအဝေးများ ဖွင့်ပွဲအခမ်းအနား တက်ရောက် Reviewed by THITHTOOLWIN on 10:43 Rating: 5
Powered by Blogger.