မြ၀တီ၊ကော့ကရိတ် အာရှလမ်းသစ်၌ ယာဉ်မတော်တဆမှု နေ့တိုင်းနီးပါ ဖြစ်ပေါ်လျက်ရှိ


ကော့ကရိတ်၊ အောက်တိုဘာ ၁

မြ၀တီ ကော့ကရိတ် အာရှလမ်းသစ်၌ ယဉ်မတော်တဆမှုများသည် နေ့တိုင်းနီးပါ ဖြစ်ပေါ်လျက်ရှိကြောင်း အရေးပေါ်ကယ်ဆယ်ရေးစေတနာ့ဝန်ထမ်းအဖွဲ့မှ ကိုအောင်၏ ပြောဆိုချက်အရ သိရသည်။

" အခုဆိုရင် ယာဉ်မတော်တဆမှုက တစ်ရက်ခြားတစ်ခါလောက်ဖြစ်နေတယ်။ တစ်ချို့ ရက်တွေဆိုရင် တစ်နေ့ထဲကို သုံးကြိမ်လောက်ဖြစ်တာ၊ ဖြစ်လိုက်ရင်လည်း အသေအပျောက်နဲ့ ထိခိုက်မှုတွေက ကြီးမားမားပဲ။"ဟု ၄င်းက ပြောဆိုသည်။

ယင်းဖြစ်စဉ်များကြောင့် ယာဉ်မောင်းနှင်သူများအနေဖြင့် အထူးသတိထားမောင်းနှင်ရန် လိုအပ်ပြီး အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် အဝေးပြေးမီးသတ်ယာဉ်စခန်းများ ထားရှိရန်လိုအပ်ကြောင်း ၄င်းက တိုက်တွန်းပြောဆိုသည်။

မြ၀တီ ကော့ကရိတ် ဒေါနတောင်ပတ်ကားလမ်း အာရှလမ်းသစ်ကို ၂၀၁၅ ခုနှစ် သြဂုတ် ၂၉ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး လက်ရှိအချိန်ထိ ယာဉ်တိမ်းမှောက်သည့်ဖြစ်စဉ် ၁၀၀ ကျော် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သတင်း-မန်းမျိုး
ဓာတ်ပုံ-မောင်မောင်ညွှန့်
Hinthar Media Corporation
https://www.facebook.com/hintharmediacorporation
မြ၀တီ၊ကော့ကရိတ် အာရှလမ်းသစ်၌ ယာဉ်မတော်တဆမှု နေ့တိုင်းနီးပါ ဖြစ်ပေါ်လျက်ရှိ မြ၀တီ၊ကော့ကရိတ် အာရှလမ်းသစ်၌ ယာဉ်မတော်တဆမှု နေ့တိုင်းနီးပါ ဖြစ်ပေါ်လျက်ရှိ Reviewed by THITHTOOLWIN on 20:37 Rating: 5
Powered by Blogger.