ဆိုင်ကယ်စီးသူ လမ်းဘေးကုက္ကိုပင် ဝင်တိုက်သဖြင့် သေဆုံးမှုဖြစ်ပွား


ကျောက်ထု အောက်တိုဘာ ၁

ဂန့်ဂေါခရိုင် ကျောက်ထုမြို့ဒေသ ကျောက်ထု-ပေါက်-ပခုက္ကူ ကားလမ်းမိုင်တိုင်အမှတ်(၇၃/၃)အနီးတွင် စက်တင်ဘာ ၂၈ ရက် တွင် ဆိုင်ကယ်စီးနင်းသူတစ်ဦးက လမ်းဘေးရှိကုက္ကိုပင်ကို တိုက်မိ သဖြင့် သေဆုံးမှုဖြစ်ပွားခဲ့သည်။

ဖြစ်ပွားပုံမှာ ကျောက်ထုမြို့ အမှတ်(၁)ရပ်ကွက်နေ မောင်ငြိမ်း ချမ်းအောင်(၂၂နှစ်)သည် ကျောက်ထု-ပေါက်- ပခုက္ကူသို့ ဆိုင်ကယ် ဖြင့် သွားရောက်စဉ် အဆိုပါနေရာ၌ လမ်းဘေးရှိကုက္ကိုပင်ကို ဝင် တိုက်မိပြီး ဦးခေါင်းယာဘက်ခြမ်းကွဲ၍ ဝဲဘက်ပေါင်ကျိုးကာ သေဆုံးသွားခဲ့သည်ဟု သိရသည်။

ဖြစ်စဉ်နှင့်စပ်လျဉ်း၍ ကျောက်ထုနယ်မြေရဲတပ်ဖွဲ့စခန်းက ယာဉ် (ပ) ၁၂/၂ဝ၁၇ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃ဝ၄(က)အရ အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

တောင်သားမောင်သန်း
The Union Daily
https://www.facebook.com/uniondaily.net/
ဆိုင်ကယ်စီးသူ လမ်းဘေးကုက္ကိုပင် ဝင်တိုက်သဖြင့် သေဆုံးမှုဖြစ်ပွား ဆိုင်ကယ်စီးသူ လမ်းဘေးကုက္ကိုပင် ဝင်တိုက်သဖြင့် သေဆုံးမှုဖြစ်ပွား Reviewed by THITHTOOLWIN on 19:38 Rating: 5
Powered by Blogger.