သမီးအရင်း ကိုးတန်းကျောင်းသူကို သားမယားပြုကျင့်


ရှမ်းပြည်နယ် ဆီဆိုင်မြို့ နယ် နောင်မွန်ကျေးရွာ နားဆိုင်းရပ်မှနေထိုင်တဲ့ ခွန်မောင်စန်း (ခ)မူဆာ အသက်(၃၈)နှစ် အရွယ်ရှိသူက အသက်၁၄ နှစ်အရွယ်ရှိ သမီးအရင်း ကိုးတန်းကျောင်းသူအား သားမယားပြု ကျင့်ခဲ့ရာ သမီးဖြစ်သူမှာ ကိုယ်ဝန် ၇ လခန့် ရှိလာတဲ့အတွက် ကျောင်းမှထုတ်ပယ်ခြင်း ခံခဲ့ရကြောင်း သိရသည်။

 အဆိုပါနောင်မွန်ကျေးရွာရှိ မူဆာရဲ့ အမျိုးတော်စပ်သူများနဲ့  နောင်မွန်ကျေးရွာမှ ပြည်သူများကသိရှိပြီး ဝိုင်းဝန်းဖမ်းဆီးကြရာမှာ မူဆာနှင့်သမီးဖြစ်သူတို့ ဆီဆိုင်မြို့ အောင်ချမ်းသာရပ်ကွက်သို့ ထွက်ပြေးတိမ်းရှောင် ပုန်းအောင်းနေကြောင်း သိရပါသည်။

သတင်းရ ရှိတဲ့အတွက် အောင်ချမ်းသာရပ်ကွက်အုပ်ချု ပ်ရေးမှူးနဲ့  ရာအိမ်မှူးများ၊ ဆီဆိုင်မြို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ နယ်ထိန်းတပ်ဖွဲ့ ဝင်များမှ ဒီကနေ့ အောက်တိုဘာလ (၁၈)ရက်နေ့ ညနေ ၃ နာရီခန့် က မူဆာတည်းခိုနေသော အိမ်သို့ သွားရောက်ရှာဖွေ ဖမ်းဆီးပြီး သက်ဆိုင်ရာနယ်မြေ ဘန်းယဉ်ရဲ စခန်းမှူးအားအကြောင်းကြား အပ်နှံပေးခဲ့ကြပါသည်။

MgMg (ဦးစံဝင်းမောင်)
သမီးအရင်း ကိုးတန်းကျောင်းသူကို သားမယားပြုကျင့် သမီးအရင်း ကိုးတန်းကျောင်းသူကို သားမယားပြုကျင့် Reviewed by THITHTOOLWIN on 20:49 Rating: 5
Powered by Blogger.