မိုးကောင်းချောင်းအတွင်း အမည်မသိ အမျိုးသားလောင်း မျောပါလာ


မိုးကောင်း - အောက်တိုဘာ ၃၀

ကချင်ပြည်နယ် မိုးကောင်းမြို့တွင် အောက်တိုဘာ ၃၀ရက် ညနေ ၄နာရီက ချောင်းရေနှင့်အတူ အမည်မသိအမျိုးသားအလောင်းတစ်လောင်း မျောပါလာခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မိုးကောင်းချောင်းအတွင်း ခန့်မှန်းအသက်(၃၀)နှစ်ခန့် ပုတ်ပွနေသော အမျိုးသားအလောင်းတစ်လောင်း ရေစီးနှင့်မျောပါလာပြီး ကယ်ပါသောင်တွင်တင်နေကြောင်း တာဝန်သိပြည်သူတစ်ဦးမှ ဖုန်းဆက်အကြောင်းကြားခဲ့သည်။

 မြို့မရဲစခန်းမှ ရဲဒု-တပ်ကြပ် သူရရှိန်ဦးဆောင်သော တပ်ဖွဲ့ဝင်များ၊ မြို့နယ်သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ နတ်ကြီးကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များမှ ဆယ်ယူကာ လောကတ္ထစရိယလူမှုကူညီရေးအသင်း(မိုးကောင်း)ယာဉ်ဖြင့် မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ ရဲဆေးစာမှတ်တမ်းများ ရယူလျက်ရှိကြောင်း ကနဦးသတင်းအရသိရသည်။

ဝင်းနိုင် ကချင်မြေ
မိုးကောင်းသတင်းမီဒီယာ
https://www.facebook.com/mogaungnews.media
မိုးကောင်းချောင်းအတွင်း အမည်မသိ အမျိုးသားလောင်း မျောပါလာ မိုးကောင်းချောင်းအတွင်း အမည်မသိ အမျိုးသားလောင်း မျောပါလာ Reviewed by THITHTOOLWIN on 19:56 Rating: 5
Powered by Blogger.