မုတ္တမတွင် သုံးဘီးဆိုင်ကယ်သမား အသတ်ခံရ

သုံးဘီးဆိုင်​ကယ်​သမားအား မုတ္တမတွင်​ သတ်​သွားပြီး ​သေဆုံးသူ၊ မည်​သူ၊ အမည် ​​နေရပ်​အား စုံစမ်း​နေ
မုတ္တမ ​အောက်​တိုဘာ ၃၀

အောက်​တိုဘာ ၃၀ ရက် ​မနက်​၇နာရီ၁၅ မိနစ်​ခန့်​က မွန်ပြည်နယ်၊ မုတ္တမ၊ မြင်းတပ်​ရပ်​ မြသိန်းတန်​ဘုရား အနီးဘုန်းကြီး​ကျောင်း ​ဘေးလမ်းကြားထဲ၌ လူတစ်​ဦး ဓားဒဏ်​ရာများဖြင့်​​ သေဆုံး​နေသည်​။

ယခုအချိန်​အထိ ​သေဆုံးသူ အမည်​​နေရပ်​တို့ကို စုံစမ်း​နေဆဲဖြစ်​​ကြောင်း သုံးဘီးဆိုင်​ကယ်​အသင်း အကျီင်္နံပတ်​ ခ/၁၃ကို ၀တ်​ဆင်​ထား​ကြောင်း ​သေဆုံးသူ၏လည်​ပင်း၌ ဓားဖြင့်​လှီးထား​သော ၊ ဗိုက်​နှင့်​ ရင်​ဘတ်​တို့တွင်​ ထိုးသွင်းဒဏ်​ရာများ ရှိ​နေ​ကြောင်း သိရသည်​။

မုတ္တမရဲစခန်းမှ လူသတ်​မှုပုဒ်​မ ဖြင့်​ အမှုဖွင့်​ထားပြီး သတ်​သွားသူ တရားခံအားလည်း​ကောင်း ​သေဆုံးသူအား လည်း​ကောင်း မည်​သူ ဖြစ်ကြောင်း စုံစမ်းနေဆဲ ဖြစ်ပါသည်။

Paung Daily
https://www.facebook.com/paungdaily/
မုတ္တမတွင် သုံးဘီးဆိုင်ကယ်သမား အသတ်ခံရ မုတ္တမတွင် သုံးဘီးဆိုင်ကယ်သမား အသတ်ခံရ Reviewed by THITHTOOLWIN on 19:45 Rating: 5
Powered by Blogger.