အမြန်​လမ်းမကြီးတွင်​ Isuzu ကုန်​တင်​ယာဉ်​ တိမ်း​မှောက်


နေပြည်​​တော်​၊ စက်​တင်​ဘာ ၉

ရန်​ကုန်​-မန္တ​လေးအမြန်​လမ်းမကြီး၏ သီကုန်းအမြန်​လမ်းရဲတပ်​ဖွဲ့စခန်းပိုင်​နယ်​​မြေ မိုင်​တိုင်​အမှတ်​ ၂၇၉/၀ အနီး တွင်​ ​နေပြည်​​တော်​မှ မန္တ​လေးဘက်​သို့ယာဉ်​​မောင်း ခင်​​မောင်​၀င်း ​မောင်းနှင်​လာ​သော Isuzu ၆ ဘီးကုန်​တင်​ယာဉ်​ စက်တင်ဘာလ ၉ ရက်နေ့ ယ​နေ့နံနက်​ ၆ နာရီ မိနစ်​ ၄၀ က ယာဉ်​​မောင်းအိပ်​ငိုက်​ပြီး ယာဉ်​မှာအရှိန်​မထိန်းနိုင်​ပဲ တံတားအားကာရံထား​သောကွန်​ကရစ်​တိုင်​ကိုတိုက်​မိကာ လမ်း​ဘေးသို့တိမ်း​မှောက်​ခဲ့သည်​။


ဖြစ်​စဉ်​​ကြောင့်​ ယာဉ်​​ပေါ်တွင်​ ယာဉ်​​မောင်း ပါ ၃ ဥိး အနက်​ ၂ ဦး ဒဏ်​ရာရရှိသွာဲး့ပြီး ဒဏရာရရှိသူများကို ရဲတပ်​ဖွဲ့ပိုင်​ယာဉ်​ဖြင့်​ မထ္တီလာမြို့နယ်​​ဆေးရုံသို့ပို့​ဆောင်​​ပေးခဲ့ရသည်​။

သို့ပါ၍ယာဉ်​ကို မဆင်​မခြင်​​ပေါ့ဆစွာ​မောင်းနှင်​သူယာဉ်​​မောင်းအားသက်​ဆိုင်​ရာက အမှုဖွင့်​အ​ရေးယူထား​ကြောင်းသိရသည်​။

သန်းဦး(​လေးမျက်​နှာ)
ဓာတ်​ပုံ/အမြန်​လမ်းရဲတပ်​ဖွဲ့
Min Myat Oo (fb)
အမြန်​လမ်းမကြီးတွင်​ Isuzu ကုန်​တင်​ယာဉ်​ တိမ်း​မှောက်​ အမြန်​လမ်းမကြီးတွင်​ Isuzu ကုန်​တင်​ယာဉ်​ တိမ်း​မှောက်​ Reviewed by THITHTOOLWIN on 18:27 Rating: 5
Powered by Blogger.