ရန်ကုန်တွင် ခိုးဝင် ဘဂါင်္လီ ၄ ဦး ဖမ်းမိ


စက်တင်ဘာလ ၉ ရက်နေ့ နံနက် ၂ နာရီခွဲအချိန်ခန့်က မရမ်းကုန်းမြို့မရဲစခန်းမှူးနှင့်အဖွဲ့မှ နယ်မြေအတွင်း ကင်းလှည့်ဆောင်ရွက်စဉ် ၄ ရပ်ကွက်၊ ပြည်လမ်း၊ Ocean ကုန်တိုက်ရှေ့အရောက်တွင် အင်းစိန်မြို့နယ်ဘက်မှ မရမ်းကုန်းမြို့နယ်ဘက်သို့ လမ်းလျှောက်လာသည့် အမျိုးသား ၂ ဦးအား တွေ့ရှိစစ်ဆေးရာ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာနေ အဒူရော်စောင်၊(၂၀)နှစ်၊ (ဘ)အဒူဂေါ်နီ၊ ဘင်္ဂလီ/မွတ်ဆလင်/အစ္စလာမ်နှင့် ၀က်ခေါင်းကျေးရွာနေ ဟော်မင်၊ (၁၈)နှစ်၊ (ဘ)လာမိုဟားမား၊ ဘင်္ဂလီ/မွတ်ဆလင်/အစ္စလာမ်တို့ ၂ ဦးတို့မှာ တရားမ၀င် ရောက်လာကြောင်း စစ်ဆေးတွေ့ရှိ ဖမ်းဆီးရမိခဲ့ပါ သည်။


အလားတူ ဘုရင့်နောင်နယ်မြေရဲစခန်းမှရဲတပ်ဖွဲ့ဝင်များက နံနက် ၂ နာရီခွဲအချိန်တွင် အမှတ်(၃)ရပ်ကွက်အုပ်ချုပ် ရေးမှူးအဖွဲ့နှင့်အတူ လှည့်ကင်းဆောင်ရွက်နေစဉ် မရမ်းကုန်းမြို့နယ်၊ (၃)ရပ်ကွက်၊ အောင်မင်္ဂလာ(၂)လမ်း၊ လမ်းသွယ်(၃)၌ တရားမ၀င်ရောက်ရှိလာသော ဘင်္ဂလီတစ်ဦးအား တွေ့ရှိစစ်ဆေးရာ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ပေါင်းတုတ်ကျေးရွာနေ ဖော်ဇော်ရော်ဟိန်း၊ (၁၈)နှစ်၊ (ဘ)မိုဟာမက်အီစမန်၊ ဘင်္ဂလီ/ မွတ်ဆလင်/အစ္စလာမ်ဆိုသူ
အား တွေ့ရှိဖမ်းဆီးရမိခဲ့ပါသည်။

ယင်းနေ့ နံနက် ၉ နာရီ ၂၀ အချိန်တွင်လည်း နယ်မြေအတွင်း ဘင်္ဂလီတစ်ဦးရောက်ရှိနေကြောင်း သတင်းရရှိ သဖြင့် ဘုရင့်နောင်နယ်မြေ ရဲစခန်းမှ တပ်ဖွဲ့ဝင်များက မရမ်းကုန်းမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူး အဖွဲ့နှင့်အတူ သွားရောက်ရှာဖွေရာ (၃)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ အမှတ်(၃၇၁)ရှိ နေအိမ်ခြံစည်းရိုးအတွင်း တိုးဝင်နေသော ဘင်္ဂလီတစ်ဦးတွေ့ရှိသဖြင့် စစ်ဆေးရာ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာနေ ဟာဆောင်း၊ (၁၆)နှစ်၊
(ဘ)ဂီလမာမန့်၊ မွတ်ဆလင်/အစ္စလာမ်ဆိုသူဖြစ်ကြောင်းသိရပါသည်။

အဆိုပါတရားမ၀င်ရောက်ရှိနေသော ဘင်္ဂလီများအား စစ်ဆေးရာ လွန်ခဲ့သော ၁ လခန့်က ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှ ရန်ကုန်မြို့သို့ ရခိုင်လူမျိုးအမျိုးသားတစ်ဦးမောင်းနှင်သော မော်တော်ယာဉ်ဖြင့် လိုက်ပါလာကြောင်း၊ တစ်ဦးလျှင် ငွေကျပ်(၁၅)သိန်းစီဖြင့် ပို့ဆောင်ခပေး
ရကြောင်း၊ စစ်တွေ-အမ်း-ရန်ကုန်လမ်းအတိုင်း အမျိုးအစားမသိ၊ အဖြူရောင်မော်တော်ယာဉ်ကား နောက်ခန်းတွင် ပစ္စည်းများနှင့်အတူ ရော၍ လိုက်ပါခဲ့ကြောင်း၊ ရန်ကုန်မြို့သို့ရောက်ရှိပြီးနောက် လိပ်စာမသိ၊ အမည်မသိ၊ ဗမာအမျိုးသားတစ်ဦး၏နေအိမ်တွင် တည်းခိုနေထိုင်ခဲ့ကြောင်း၊
ရန်ကုန်မြို့တွင်းသို့ ကျပန်းအလုပ်လုပ်ကိုင်ရန်အတွက် လမ်းလျှောက် ထွက်လာစဉ် ဖမ်းဆီးခံရခြင်းဖြစ် ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်

ရန်ကုန်တွင် ခိုးဝင် ဘဂါင်္လီ ၄ ဦး ဖမ်းမိ ရန်ကုန်တွင် ခိုးဝင် ဘဂါင်္လီ ၄ ဦး ဖမ်းမိ Reviewed by THITHTOOLWIN on 18:18 Rating: 5
Powered by Blogger.