မာကျူရီပါဝင်တဲ့ အလှကုန်ပစ္စည်း(၄)မျိုး FDA ထုတ်ပြန်


တားမြစ်ဓာတုပစ္စည်း(မာကျူရီ) ပါဝင်တဲ့ အလှကုန်ပစ္စည်း(၄)မျိုးကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ကထုတ်ပြန်လိုက်ပါတယ်။ JIAOBI အမည်ပါတဲ့ အောက်ခံမိတ်ခံ ၊ အသားဖြူညလိမ်းခရင်မ်နဲ့ 3 in 1 Sample Sack ဆိုတဲ့ အမျိုးအစားတွေနဲ့ Jiao Li အမည်နဲ့ အလှကုန်ပစ္စည်းတစ်မျိုး တို့ဖြစ်ပါတယ်။

 အဲဒီအလှကုန်ထုတ်လုပ်တဲ့ ကုမ္ပဏီတွေကို တရုတ်ဘာသာနဲ့ ဖော်ပြထားတယ်လို့ သိရပါတယ်။ မာကျူရီလို့ခေါ်တဲ့ ပြဒါးပါတဲ့ အလှကုန်တွေကို သုံးစွဲရင် အရေပြားနဲ့ပတ်သက်တဲ့ ရောဂါတွေ ဖြစ်ပွားနိုင်ပြီး ရေရှည်သုံးစွဲမယ်ဆိုရင် ကျောက်ကပ်ပျက်စီးတာတွေနဲ့ တခြားရောဂါတွေဖြစ်ပွားနိုင်ပါတယ်။

 ဒါကြောင့် မှတ်ပုံတင်မထားတဲ့ အလှကုန်ပစ္စည်းတွေကိုတင်သွင်း၊ ဖြန့်ဖြူး၊ ရောင်းချမယ်ဆိုရင်
ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဥပဒေနဲ့ အရေးယူသွားမယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက အသိပေးထားပါတယ်။

5 PLUS NEWS
https://www.facebook.com/5plusnews
မာကျူရီပါဝင်တဲ့ အလှကုန်ပစ္စည်း(၄)မျိုး FDA ထုတ်ပြန် မာကျူရီပါဝင်တဲ့ အလှကုန်ပစ္စည်း(၄)မျိုး FDA ထုတ်ပြန် Reviewed by THITHTOOLWIN on 16:56 Rating: 5
Powered by Blogger.