တရွာလုံး ၀ိုင်းမုဒိန်းကျင့်ခံရသည့် မိန်းခလေးအမှု တရားခံများအား စတင် ဖမ်းဆီး


၈-၉-၂၀၁၇

ထိုင်းနိုင်ငံ တောင်ပိုင်းဖမ်းငါးခရိုင်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ အသက် ၁၄ နှစ်အရွယ် မိန်းခလေးအား အမျိုးသား ၄၀ က နှစ်နဲ့ ချီဝိုင်းမုဒိန်းကျင့်နေခဲ့ကြသည့် ဖြစ်ရပ်ကို အမှုဆင် နံမည်ဖျက်တာလို့  မူဆလင် ဘာသာဝင် ရွာသားတွေကလက်မခံခဲ့ကြလို့ ရဲတပ်ဖွဲ့ က အမှုစစ်မရဖြစ်နေပြီး တရားခံတွေကိုမဖမ်းဆီးနိုင်ခဲ့ပဲဖြစ်နေခဲ့တာပါ။


နောက်ပိုင်းမှာ အစ္စလာမ် လူငယ် အဖွဲ့ က မုဒိန်းကျင့်ခံနေရသူ မိန်းခလေးကို ရွာထဲကနေ ကယ်ထုတ်ခဲ့ပြီး စိတ်ပိုင်းဆိုင်ရာ ကုသခဲ့ရကြောင်း အမှုကို လိုက်လံကူညီဆောင်ရွက်ပေးနေသူ အစ္စလာမ်လူမှုရေးအဖွဲ့ ဝင် အဒူလာက ပြောခဲ့ပါတယ်။


ယခုရက်ပိုင်းအတွင်းမှာတော့ တရားခံတွေထဲက ၁၃ ဦးကို ထုတ်ဖေါ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ကျူးလွန်တဲ့လူတွေဟာ ပထမပိုင်း တရားလို မိန်းခလေးနဲ့ မိသားစု ကို အမှုမှန်ဖေါ်ရင် သတ်ပစ်မယ်လို့  ခြိမ်းခြောက်မှုတွေရှိနေခဲ့လို့ အမှုမှန်ကို ထုတ်ဖေါ်မပြောရဲ ဖြစ်နေခဲ့ပါတယ်။


ထိုင်းဆိုရှယ်မီဒီယာတွေမှာ အဆိုပါအမှုဟာ တနိုင်ငံလုံးက စိတ်ဝင်စားခဲ့ကြပြီး အရေးယူမရဖြစ်နေတာကို အမှန်တရားဖေါ်ထုတ်ပေးဘို့  တောင်းဆိုခဲ့ကြလို့  ခုတော့ အမျိုးသမီးနဲ့  လူ့ အခွင့်ရေး အဖွဲ့ တွေက ကျေးရွာအတွင်း သွားရောက်စစ်ဆေးနိုင်ခဲ့ပြီဖြစ်ပါတယ်။

ခုလိုအမှတွေဟာ ဘာသာတိုင်း လူမျိုးတိုင်းမှာ ဖြစ်ပျက်နေတာဖြစ်လို့  အမှန်ကို ဖေါ်ထုတ်ပြီး တကယ်ကျူးလွန်တဲ့သူတွေကို ကာကွယ်ပေးနေစရာမလိုပဲ ဥပဒေအရ အရေးယူရမှာဖြစ်ပါတယ်လို့  အစ္စလာမ် လူငယ် အဖွဲ့ ဝင် အဒူလာကပြောကြားခဲ့ပါတယ်။

Social Action for Children and Women - SAW
တရွာလုံး ၀ိုင်းမုဒိန်းကျင့်ခံရသည့် မိန်းခလေးအမှု တရားခံများအား စတင် ဖမ်းဆီး တရွာလုံး ၀ိုင်းမုဒိန်းကျင့်ခံရသည့် မိန်းခလေးအမှု တရားခံများအား စတင် ဖမ်းဆီး Reviewed by THITHTOOLWIN on 16:52 Rating: 5
Powered by Blogger.