ဇေယျာရွှေပြည် ခရီးသည်တင် Express ယာဉ်ပေါ်၌ အမျိုးသားတစ်ဦး သေဆုံး


နေပြည်တော် စက်တင်ဘာ ၁၅

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ ယာဉ်မောင်း ဦးဘိုခိုင် မောင်းနှင်လာသော ဇေယျာရွှေပြည် ခရီးသည်တင် Express မော်တော်ယာဉ်မှာ စက်တင်ဘာလ ၁၅ ရက်နေ့  ယ​နေ့နံနက်​ ၅နာရီခွဲကမိုင်တိုင်အမှတ်(၂၈၄/၄) ယာဉ်ရပ်နားစခန်းသို့ ရောက်ရှိစဉ် ယာဉ်ပေါ်တွင် ပါရှိသည့် အမျိုးသားခရီးသည် (၁၂)ဦး၊ အမျိုးသမီး(၃)ဦး ပေါင်း (၁၅)ဦးအနက်မှ ထိုင်ခုံနံပါတ် (၇) ၌ စီးနင်းလိုက်ပါလာသော ဦးထိန်လင်းအောင် အသက်(၂၇)နှစ်မှာ ထိုင်ခုံ၌ မဆင်းဘဲ တွေ့ရှိရ၍ ယာဉ်နောက်လိုက်မှ သွားရောက်နှိုးရာ ဦးထိန်လင်းအောင်မှာ အသားများ အေးစက်ပြီး သေဆုံးနေကြောင်း တွေ့ရှိရ၍ သီးကုန်းအမြန်လမ်းရဲတပ်ဖွဲ့စခန်းသို့ လာရောက်အကြောင်းကြားခဲ့ကြောင်း သိရသည်။

သို့ပါ၍ သီးကုန်းအမြန်လမ်းရဲတပ်ဖွဲ့စခန်းမှ ရဲအုပ်သန်းထွန်းနှင့်အဖွဲ့က သွားရောက်စစ်ဆေးရာ ဦးထိန်လင်းအောင်မှာ ဘေးတစ်စောင်းအနေအထားဖြင့် ပြင်ပ ဒဏ်ရာ တစ်စုံတစ်ရာ တွေ့ရှိခြင်းမရှိဘဲ သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် ရုပ်အလောင်းအား တပ်ဖွဲ့ပိုင် မော်တော်ယာဉ်ဖြင့် မိတ္ထီလာဆေးရုံသို့ ပို့ဆောင်ပေးခဲ့ ရကြောင်း သိရသည်။

သန်းဦး(လေးမျက်နှာ)
ဓာတ်ပုံ-အမြန်လမ်းရဲတပ်ဖွဲ့
Min Myat Oo (fb)
ဇေယျာရွှေပြည် ခရီးသည်တင် Express ယာဉ်ပေါ်၌ အမျိုးသားတစ်ဦး သေဆုံး ဇေယျာရွှေပြည် ခရီးသည်တင် Express ယာဉ်ပေါ်၌ အမျိုးသားတစ်ဦး သေဆုံး Reviewed by THITHTOOLWIN on 17:04 Rating: 5
Powered by Blogger.