သံတိုသံစပုံထဲမှ သေနတ်နှစ်လက်နှင့် ကျည်ဆန်များတွေ့ရှိ


မှော်ဘီ စက်တင်ဘာ ၁၆

ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် မြောင်းတကာစက်မှုဇုန် သံရည်ကျိုစက်ရုံ တွင် စက်တင်ဘာ ၁၅ ရက် ညနေပိုင်းက ကားပေါ်မှချပုံထားသော သံတိုသံစပုံ ပိုက်လုံးအတွင်းမှ ကာဘိုင်တစ်လက်၊ M 16 တစ်လက်နှင့် ကျည်ဆန်များ တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါသံတိုသံစများကို စက်တင်ဘာ ၁၄ ရက်က မော်တော်ယာဉ်အမှတ် 4G/---- ကင်တာယာဉ်က လာရောက်ချထားခြင်းဖြစ်ပြီး သံတိုသံစများကို သံရည်ကျိုရန် အမျိုးအစားများခွဲခြားရာမှ အလုပ်သမားများကတွေ့ရှိခဲ့ရာ စက်ရုံပိုင်ရှင်က မှော်ဘီမြို့နယ်ရဲတပ်ဖွဲ့သို့ သတင်းပို့ခဲ့သည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ မြို့နယ်မှူး ရဲမှူးမောင်မောင်နှင့်အဖွဲ့က စုံစမ်းစစ်ဆေးလျက်ရှိ ကြောင်း သိရသည်။

ထွန်းလှိုင်(မြိုင်)
The Mirror Daily
https://www.facebook.com/TheMirrorDaily/
သံတိုသံစပုံထဲမှ သေနတ်နှစ်လက်နှင့် ကျည်ဆန်များတွေ့ရှိ သံတိုသံစပုံထဲမှ သေနတ်နှစ်လက်နှင့် ကျည်ဆန်များတွေ့ရှိ Reviewed by THITHTOOLWIN on 08:10 Rating: 5
Powered by Blogger.