မောင်တောစီးပွားရေးဇုန်သစ်အတွက် အစိုးရနဲ့ ကုမ္ပဏီတို့ လက်မှတ်ရေးထိုးမည်

မောင်တောမြို့ အမှတ်(၁) နယ်စပ်ကုန်သွယ်ရေးဂိတ်စခန်းကို အပေါ်စီးကနေ မြင်တွေ့ရစဉ်။ Photo: Min Thein Aung/ RFA
ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကညင်ချောင်းကျေးရွာအနီးမှာ စီးပွားရေးဇုန်သစ်တစ်ခု အကောင်အထည်ဖော် ဖို့အတွက် ရခိုင်ပြည်နယ်အစိုးရနဲ့ နတ်မြစ်အလင်းတန်းအခြေခံ အဆောက်အအုံများ အစုအဖွဲ့ကုမ္ပဏီ (Net River Galaxy Consortium Co,ltd) တို့ လာမယ့် စက်တင်ဘာလ ၂၉ ရက်နေ့မှာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေး ထိုးသွားမယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကပြောပါတယ်။

ဒီစီးပွားရေးဇုန်ကနေ တစ်ဘက်ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ နှစ်ဘက်ကုန်သွယ်ရေးကို ဆောင်ရွက်နိုင်အောင် အဓိက ထားဆောင်ရွက်မှာဖြစ်တယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်း က ပြောပါတယ်။

အဲဒီစီးပွားရေးဇုန်သစ်ကို မြေဧက ၁၀၀ လောက်မှာ အကောင်အထည်ဖော်မှာဖြစ်ပြီး လက်ရှိအခြေအနေတွေအရ တည်ငြိမ်အေးချမ်းရေးကို ဆောင်ရွက်ပြီးမှသာ ဒီစီမံကိန်းကို စတင်ဆောင်ရွက်နိုင်မှာဖြစ်တယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။

လာမယ့် စက်တင်ဘာလ ၂၉ ရက်နေ့မှာ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးမယ့် နတ်မြစ်အလင်းတန်း အစု အဖွဲ့ကုမ္ပဏီမှာ မောင်တောမှာအခြေစိုက်တဲ့ ကုမ္ပဏီတွေပါဝင်သလို ရန်ကုန်အခြေစိုက်ကုမ္ပဏီတွေလည်း ပါဝင် တယ်လို့သိရပါတယ်။

စီးပွားရေးဇုန်သစ်အကောင်အထည်ဖော်မယ့် မောင်တောမြို့နယ် ကညင်ချောင်းဆိပ်ကမ်းဟာ လွန်ခဲ့တဲ့ ၁၉၉၀ ခုနှစ်အလွန်ကာလတွေက ရခိုင်ပြည်နယ်ကနေ ထွက်ရှိတဲ့ ဆန်စပါးတွေကို တစ်ဘက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တင်ပို့ရာမှာအသုံးပြုခဲ့ပြီး လက်ရှိမှာတော့ အဲဒီဆိပ်ကမ်းကို ကုန်သွယ်ရေးအတွက်အသုံးပြုခြင်းမရှိတော့ပါဘူး။

အဲဒီကုမ္ပဏီကို ရင်းနှီးမြုပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန နေပြည်တော်ရုံးခွဲက ဒီလ ၅ ရက်နေ့က မှတ်ပုံတင် ခွင့်ပြုခဲ့တာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
မောင်တောစီးပွားရေးဇုန်သစ်အတွက် အစိုးရနဲ့ ကုမ္ပဏီတို့ လက်မှတ်ရေးထိုးမည် မောင်တောစီးပွားရေးဇုန်သစ်အတွက် အစိုးရနဲ့ ကုမ္ပဏီတို့ လက်မှတ်ရေးထိုးမည် Reviewed by THITHTOOLWIN on 18:53 Rating: 5
Powered by Blogger.