ကျူးကျော်စလစ်ပြားထုတ်ယူထားတဲ့ နေအိမ်တွေကို စစ်ဆေးမည်

မင်္ဂလာဒုံမြို့နယ်အတွင်း ကျူးကျော်အဖြစ်သတ်မှတ်ခံထားရတဲ့ အိမ်ထောင်စု ၅ ထောင် နီးပါးကို ဇွန်လ ၂၁ ရက်နေ့က ထုတ်ပေးတဲ့ ထောက်ခံချက်ကဒ်ကို တွေ့မြင်ရစဉ်။ Photo: Aung Thain Kha/RFA
ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ကျုးကျော်စာရင်းဝင်ပြီး စလစ်ပြားထုတ်ယူရရှိထားတဲ့ နေအိမ်တွေကို ကျုးကျော် စာရင်းကောက်ယူတဲ့ အဖွဲ့တွေက လိုက်လံစစ်ဆေးသွားမယ်လို့ သိရပါတယ်။

ကျုးကျော်စာရင်းတွေ ပြုစုထားပြီးပေမယ့် အမှန်တကယ်ကျုးကျော်သူနဲ့ စီးပွားဖြစ် ကျုးကျော်သူတွေကို ခွဲခြားဖို့ အတွက် လိုက်လံစစ်ဆေးမှာဖြစ်တယ်လို့ ကျုးကျော်စာရင်းကောက်ယူတဲ့အဖွဲ့က ဒေါ်မူမူမာ က ပြောပါတယ်။

"စာရင်းပဲကောက်ထားတာ ၊ အဲ့ဒီအထဲမှာ တကယ်ကျုးတဲ့သူလည်း ရှိသလို တကယ်မကျုးတဲ့သူတွေလည်း ရှိတယ်ရှင့်။ ရှိတော့ကျတော့ အခုက ကွန်ပြူတာတွေ စာရင်းသွင်းတာတော့ ပြီးသွားပြီ။ မြေပြင်ကွင်းဆင်း တဲ့ အနေထားကို ဆင်းရတော့မယ်။ အဲ့ဒါကျတော့ ကျမတို့က အကန့်ခွဲတော့မယ်။ တကယ်ကျုးတဲ့သူလား၊ တကယ်မကျုးတဲ့သူလား၊ စီးပွားဖြစ်ကျုးတဲ့သူလား အဲ့ဒီလို အကန့်ခွဲတော့မယ်။ "

အဲဒီလို လိုက်လံစစ်ဆေးဖို့အတွက် စာရင်းကောက်ယူရေးအဖွဲ့တွေဟာ သင်တန်းတွေတက်ရမှာဖြစ်ပြီး ဘယ်နေ့မှာ ဘယ်နေရာမှာ စပြီး စစ်ဆေးမယ်ဆိုတာကိုတော့ မသိရသေးဘူးလို့လည်း ပြောပါတယ်။

၂၀၁၆ ခုနှစ် စက်တင်ဘာလက ရန်ကုန်တိုင်းဒေသကြီး ခရိုင် ၇ ခုမှာ ကျုးကျော်စာရင်းကောက်ယူစဉ်က မြို့နယ် ၁၃ ခုမှာ ကျုးကျော်အိမ်ခြေ ၁ သိန်းကျော်၊ အိမ်ထောင်စု ၁ သိန်းကျော် ၊ လူဦးရေ ၄ သိန်းကျော်ရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်ထားပါတယ်။

၂၀၁၇ ခုနှစ် ဧပြီလက ထပ်မံကောက်ယူရရှိထားတဲ့ ကျုးကျော်စာရင်းကိုတော့ အတိအကျမသိရှိရသေးပါဘူး။

RFA Burmese
http://www.rfa.org/burmese
ကျူးကျော်စလစ်ပြားထုတ်ယူထားတဲ့ နေအိမ်တွေကို စစ်ဆေးမည် ကျူးကျော်စလစ်ပြားထုတ်ယူထားတဲ့ နေအိမ်တွေကို စစ်ဆေးမည် Reviewed by THITHTOOLWIN on 18:55 Rating: 5
Powered by Blogger.