ဖျာပုံ-ဘိုကလေးကားလမ်းတွင် ကားနှင့် ဆိုင်ကယ်တိုက်မိ၍ လူနှစ်ဦးသေဆုံး


ဖျာပုံမြို့နယ် အုပ်ကူကျေးရွာအုပ်စု ၊ဖျာပုံ -ဘိုကလေးကားလမ်း မိုင်တိုင်အမှတ် ၁ မိုင် ၇ ဖာလုံမှာစက်တင်ဘာ (၁၀)ရက် မနက် (၉)နာရီက ကားနဲ့ဆိုင်ကယ် တိုက်မိပြီး လူနှစ်ဦး ပွဲချင်းပြီးသေဆုံးကာ တစ်ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့သိရပါတယ်။

 ဖြစ်စဉ်မှာ အဲဒီနေ့က ၊ဖျာပုံ -ဘိုကလေးကားလမ်းမှာ ၊ဖျာပုံဘက် ကနေ ဘိုကလေးဘက်ကို ရန်ကုန်တိုင်းဒေသကြီးတာမွေမြို့နယ်နေ ယာဉ်မောင်း ကိုစိုးလွင်မောင်းနှင်ပြီး ယာဉ်ပေါ်မှာ အမျိုးသားနှစ်ဦးတင်ဆောင်မောင်းနှင်လာတဲ့ နေပြည်တော်တပ်ကုန်းမြို့နယ်ခုံကြီးကျေးရွာ စေတနာလူမှုကူညီရေးအသင်း တံဆိပ် ကပ်ထားတဲ့ Toyota Hiace ခဲရောင်ကားဟာ ရှေ့မှမောင်းနှင်နေတဲ့ မှန်လုံယာဉ်ကို ကျော်တက်စဉ် မျက်နှာချင်းဆိုင် မှ ဖျာပုံမြို့နယ် ကိုးအိမ်တန်းကျေးရွာနေယာဉ်မောင်း သက်နိုင်ထွန်း မောင်းနှင်လာပြီးဆိုင်ကယ်နောက်တွင်အမျိုးသမီးနှစ်ဦးတင်ဆောင်လာတဲ့ KANBO. ခဲနက်ရောင် ဆိုင်ကယ်(ဆိုင်ကယ်ကယ်ရီ )ကို အရှိန် မထိန်း နိုင်ဘဲ ဝင်ရောက်တိုက်မိတာဖြစ်ပါတယ်။


အဲဒီလိုတိုက်မိမှုကြောင့်ဆိုင်ကယ်ကယ်ရီမောင်းနှင်သူ သက်နောင်ထွန်းဟာ ဒဏ်ရာတွေနဲ့အခင်းဖြစ်ရာနေရာမှာပွဲချင်းပြီးသေဆုံးခဲ့ကြောင်း၊ဆိုင်ကယ်အနောက်မှ ပါလာသူ မအေးသန်း ဟာလည်း ဒဏ်ရာတွေနဲ့ ပွဲချင်းပြီးသေဆုံးသွားတယ်လို့သိရပါတယ်။

 ဆိုင်ကယ်အနောက်မှ ပါလာသူ တစ်ဦးဖြစ်တဲ့မသင်းသင်းခိုင်ကတော့ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ ယာဉ်ပေါ့ဆ မဆင်မခြင် မောင်း နှင်သူ Toyota Hiace ယာဉ်မောင်း ကိုစိုးလွင်ကို ဖျာပုံမြို့မ ရဲစခန်း က အရေးယူ ဆောင်ရွက်ထားကြောင်းသိရပါတယ်။ဒီသတင်းကို ကျော်စိုးမိုး( ဖျာပုံ)ပေးပို့တာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb
ဖျာပုံ-ဘိုကလေးကားလမ်းတွင် ကားနှင့် ဆိုင်ကယ်တိုက်မိ၍ လူနှစ်ဦးသေဆုံး ဖျာပုံ-ဘိုကလေးကားလမ်းတွင် ကားနှင့် ဆိုင်ကယ်တိုက်မိ၍ လူနှစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 19:13 Rating: 5
Powered by Blogger.