ထမင်းကြော်ထွက်စားရာမှ အုပ်စုလိုက်ရန်ဖြစ် တဦးသေဆုံး၊ တဦးလက်တွင် ပြတ်ရှဒဏ်ရာရ


စက်တင်ဘာလ ၉ ရက်နေ့  မနက် ၃ နာရီခန့် က ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ဝါယာလက် တပ်မတော်အထည်ချုပ်စက်ရုံရှေ့တွင် ထမင်းကြော်ထွက်စားရာမှ အုပ်စုလိုက်ရန်ဖြစ်မှု့ ဖြစ်ပွားခဲ့ရာ အမျိုးသားတဦး သေဆုံးသွားခဲ့ပါသည်။

 သေဆုံးသူအမျိုးသားမှာ ထိုးသွင်းဒဏ်ရာများနှင့် နေရာမှာတင် သေဆုံးမှု့ဖြစ်ပေါ်ခဲ့ပြီး သေဆုံးသူအမျိုးသားမှာ အသက်၃၀ ဝန်းကျင် စစ်သားတဦးဖြစ်ပြီး ဒုတပ်ကြပ်တဦးဖြစ်ကာ အလုပ်ရုံဆေးတပ်ဝန်းတွင် တာဝန်ထမ်းဆောင်နေသူဟုသိရပါသည်။

 မင်္ဂလာဒုံမြို့မရဲစခန်းမှ ပုလဲမြို့သစ်အရန်မီးသတ်တပ်ဖွဲ့သို့ ဖုန်းဆက်အကူအညီတောင်းခံသဖြင့် သေဆုံးသူအား တပ်မတော်ကုတင် ၁၀၀၀ဆေးရုံသို့ ကူညီ ပို့ဆောင်ပေးခဲ့ပါသည်။

 သေဆုံးသူနှင့်ပါလာသူ သူငယ်ချင်းမှာလည်း လက်တွင်ပြတ်ရှဒဏ်ရာရရှိပါသည်။ မင်္ဂလာဒုံမြို့မရဲစခန်းမှလည်း တရာခံများ ဖမ်းမိရေး စုံစမ်းစစ်ဆေးလျှက်ရှိသည်ဟုသိရပါသည်။

စခန်းသို့သတင်းဝင်ဝင်ချင်းအခင်းဖြစ်ပွားရာနေရာသို့ရောက်ရှိချိန်တွင်လည်းတရားခံများမှာထွက်ပြေးတိမ်းရှောင်သွားသည်ဟုထပ်မံသိရှိရပါသည်

Htin Lin Aung  - ပုလဲမြို့သစ် အရန်မီးသတ်တပ်ဖွဲ့

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ