နေရပ်စွန့်ခွာသူများအား ယာယီ စုစည်းရာ စခန်းများသို့ ဆက်သွယ်သွားရောက်စုစည်းနိုင်ရေး အသိပေးချက်


နေပြည်တော် စက်တင်ဘာ ၈

ရခိုင်ပြည်နယ်မြောက်ခြမ်း မောင်တောဒေသအတွင်း ARSA အစွန်းရောက်အကြမ်းဖက်သမားများ၏ အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် နေရပ်စွန့်ခွာသူများအား လူသားချင်းစာနာထောက်ထားမှု အကူအညီများ စနစ်တကျ ပေးအပ်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ရာတွင် နေရပ်စွန့်ခွာရသူများအနေဖြင့် ဘေးလွတ်ရာအနှံ့အပြားသို့ ထွက်ပြေး တိမ်းရှောင်လျက်ရှိရာ ၎င်းတို့အား ယာယီစုစည်း၍ လူသားချင်းစာနာထောက်ထားမှု အကူအညီများ စနစ်တကျ လုပ်ဆောင်ပေးနိုင်ရေးအတွက် မောင်တောမြောက်ပိုင်း၊ မောင်တောအလယ်ပိုင်းနှင့် မောင်တောတောင်ပိုင်း ဟူ၍ နယ်မြေ ၃ ခု ခွဲခြားပြီး ဆောင်ရွက်သွားမည် ဖြစ်သည်။

မောင်တောမြောက်ပိုင်းတွင် ပျံ့နှံ့နေသော နေရပ်စွန့်ခွာရသူများအတွက် ဝေလာတောင်၊ လှိုင်သီ နှင့် တောင်ပြို လက်ယာ နေရာ ၃ နေရာတွင် ယာယီစုစည်းရာ စခန်းများ ဖွင့်လှစ်သွားမည် ဖြစ်သည်။

မောင်တော အလယ်ပိုင်းတွင် ပျံ့နှံ့နေသော နေရပ်စွန့်ခွာသူများအတွက် ဒါးကြီးစားနှင့် ကျောက်လှေကား နေရာ ၂ နေရာတွင် ယာယီစုစည်းရာ စခန်းများ ဖွင့်လှစ်သွားမည် ဖြစ်သည်။

မောင်တော တောင်ပိုင်းတွင် ပျံ့နှံ့နေသော နေရပ်စွန့်ခွာသူများအတွက် သင်္ဘောကွေ့နှင့် သ၀န်ချောင်း နေရာ ၂ နေရာတွင် ယာယီစုစည်းရာ စခန်းများ ဖွင့်လှစ်သွားမည် ဖြစ်သည်။

နေရာအနှံ့ပြန့်ကျဲနေသော နေရပ်စွန့်ခွာသူများအား လူသားချင်းစာနာထောက်ထားမှု အကူအညီများ၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် လုံခြုံဘေးကင်းမှုများ ဆောင်ရွက်ပေးရာတွင် ဤသို့ ယာယီစုစည်းရာ စခန်းများ ဖွင့်လှစ်ဆောင်ရွက်ခြင်းဖြင့် ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်မည် ဖြစ်သည့်အပြင် ၎င်းထောက်ပံ့ ကူညီမှုများ အား ကြက်ခြေနီလှုပ်ရှားမှု (Red Cross Movement-RCM) ဖြင့် ဆောင်ရွက်သွားမည်ဖြစ်သည်။

သို့ပါ၍ ARSA အစွန်းရောက်အကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် နေရာအနှံ့အပြားသို့ ရောက်ရှိနေကြသော နေရပ်စွန့်ခွာကြရသူများ အနေဖြင့် မိမိတို့နှင့် အနီးဆုံး ယာယီစုစည်းရာ စခန်းများသို့ ဆက်သွယ်သွားရောက် စုစည်းပေးကြပါရန် အသိပေးအပ်ပါသည်။

(သတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/InfomationCommittee/
နေရပ်စွန့်ခွာသူများအား ယာယီ စုစည်းရာ စခန်းများသို့ ဆက်သွယ်သွားရောက်စုစည်းနိုင်ရေး အသိပေးချက် နေရပ်စွန့်ခွာသူများအား ယာယီ စုစည်းရာ စခန်းများသို့ ဆက်သွယ်သွားရောက်စုစည်းနိုင်ရေး အသိပေးချက် Reviewed by THITHTOOLWIN on 10:06 Rating: 5
Powered by Blogger.