တာလီဘန် ထိပ်တန်းတပ်မှူး တစ်ဦးအပါအဝင် စစ်သွေးကြွ လေးဦးကို အာဖဂန်၌ သုတ်သင်ရှင်းလင်း

ထိပ်တန်း တာလီဘန်ခေါင်းဆောင် (Mawlawi Ismael ) အား အာဖဂန်နစ္စတန်တပ်ဖွဲ့ ဝင်များ သုတ်သင်ရှင်းလင်းနေစဉ်(ဓာတ်ပုံ-အင်တာနက်)
    ကွန်ဒက်ဇ် ၊ အာဖဂန် ၊ စက်တင်ဘာ ၁ဝ ရက်(ဆင်ဟွာ)

    တာလီဘန်ထိပ်တန်း တပ်မှူးတစ်ဦးအပါအဝင် စစ်သွေးကြွ လေးဦးကို အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း ကွန်ဒက်ဇ်ပြည်နယ် Qala-e-Zal ခရိုင်၌ သုတ်သင်ရှင်းလင်းခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာနက ယနေ့ (စက်တင်ဘာလ ၁ဝ ရက်)တွင် သတင်းဖော်ပြခဲ့သည်။

“ တာလီဘန်တွေ ပုန်းအောင်းနေတဲ့ Qala-e-Zal ခရိုင်အတွင်းရှိ ဂူရှီရွာကို အာဖဂန်နစ္စတန်လုံခြုံရေးတပ်ဖွဲ့ ဝင်တွေက ယနေ့ နံနက်အစောပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ တာလီဘန် ထိပ်တန်းတပ်မှူး မော်လဝီအစ္စမေးလ်(Mawlawi Ismael ) အပါအဝင် စစ်သွေးကြွ လေးဦးကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ပါတယ် ” ဟု ခရိုင်အုပ်ချုပ်ရေးမှူး Abdul Momin က ဆင်ဟွာသတင်းဌာနသို့ ပြောကြားခဲ့သည်။

၎င်းတိုက်ခိုက်မှုအတွင်း အခြား စစ်သွေးကြွ နှစ်ဦးထက်မနည်းမှာ ထိခိုက်ဒဏ်ရာရခဲ့ပြီး ၄င်းတို့ အား လက်ရဖမ်းဆီးနိုင်ခဲ့သည်။

 အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ တာလီဘန်တို့ ဖက်က တစ်စုံတစ်ရာ မှတ်ချက်ပြုပြောကြားခဲ့ခြင်း မရှိပေ။

(Xinhua)
http://www.xinhuamyanmar.com
တာလီဘန် ထိပ်တန်းတပ်မှူး တစ်ဦးအပါအဝင် စစ်သွေးကြွ လေးဦးကို အာဖဂန်၌ သုတ်သင်ရှင်းလင်း တာလီဘန် ထိပ်တန်းတပ်မှူး တစ်ဦးအပါအဝင် စစ်သွေးကြွ လေးဦးကို အာဖဂန်၌ သုတ်သင်ရှင်းလင်း Reviewed by THITHTOOLWIN on 17:48 Rating: 5
Powered by Blogger.