ပြည်သူ့လွှတ်တော် ဒုဥက္ကဌ ကြံ့ခိုင်ဖံွ့ဖြိုးရေးပါတီကနေ နှုတ်ထွက်

နှုတ်ထွက်လိုက်ပြီဖြစ်တဲ့ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဌ ဦးတီခွန်မြတ်ကို တွေ့ရစဉ်။ Photo: RFA
ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဌ ဦးတီခွန်မြတ်ဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီကနေ နှုတ်ထွက် လိုက်ပြီဖြစ်ပါတယ်။

ဦးတီခွန်မြတ်ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၈ ရက်နေ့က ပါတီကနေ နှုတ်ထွက်စာ တင်တာဖြစ်ပြီး ပါတီကလည်း ခွင့်ပြုလိုက်တာဖြစ်တယ်လို့ ပြည်ထောင် စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ ပြောရေးဆို ခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့် က ပြောပါတယ်။

ဦးတီခွန်မြတ်ဟာ ပါတီမှာ ဗဟိုအလုပ်အမှုဆောင်တာဝန်ယူထားသူဖြစ်ပြီး ၂၀၁၀နဲ့ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွေမှာ ကြံ့ခိုင်ဖံွ့ဖြိုးရေးပါတီ ကိုယ်စားပြုပြီး ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။

သူဟာ ရှေ့နေချုပ်ရုံးမှာ ဥပဒေညွှန်ကြားရေးမှူးအဖြစ်ကနေ အငြိမ်းစားယူထားသူဖြစ်ပြီး ပထမအကြိမ် ပြည်သူ့လွှတ်တော်သက်တမ်းအတွင်း ဥပဒေကြမ်းကော် မတီ ဥက္ကဌအဖြစ် တာဝန်ယူခဲ့ သူလည်းဖြစ်ပါတယ်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရပြီးနောက် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဌအဖြစ် ရွေးချယ်ခံခဲ့ရသူဖြစ် ပါတယ်။

ဦးတီခွန်မြတ် ကို RFA က ဆက်သွယ်မေးမြန်းပေမယ့် ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပါဘူး။

တစ်နိုင်ငံလုံးမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖံွ့ဖြိုးရေးပါတီဝင်အင်အား ၅ သန်းကျော် ရှိတယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese
ပြည်သူ့လွှတ်တော် ဒုဥက္ကဌ ကြံ့ခိုင်ဖံွ့ဖြိုးရေးပါတီကနေ နှုတ်ထွက် ပြည်သူ့လွှတ်တော် ဒုဥက္ကဌ ကြံ့ခိုင်ဖံွ့ဖြိုးရေးပါတီကနေ နှုတ်ထွက် Reviewed by THITHTOOLWIN on 17:48 Rating: 5
Powered by Blogger.