ကမ္ဘောဒီယားအစိုးရ စွပ်စွဲပြောဆိုချက် အမေရိကန်သံအမတ် ငြင်းဆို


ဝန်ကြီးချုပ် ဟွန်ဆန်းစွပ်စွဲတဲ့ ကမ္ဘောဒီယားအစိုးရကို ဖြုတ်ချဖို့ အစီအစဉ်တွေထဲမှာ အမေရိကန်နိုင်ငံ ပါဝင်တယ်ဆိုတဲ့ ပြောဆိုချက်ကို အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်ဖြစ်တယ်လို့ ကမ္ဘောဒီယားနိုင်ငံမှာ တာဝန်ထမ်းဆောင်နေတဲ့ အမေရိကန်သံအမတ်ကြီးက ပြောပါတယ်။

အခုလိုဝန်ကြီးချုပ်က စွပ်စွဲခဲ့ပြီးနောက် နိုင်ငံတော်သစ္စာဖေါက်မူနဲ့ အတိုက်အခံခေါင်းဆောင် Kem Sokhaကို နိုင်ငံခြားသားတွေနဲ့ ပူးပေါင်းကြံစည်တယ်ဆိုပြီး ဖမ်းလိုက်တာဖြစ်ပါတယ်။ ဖမ်းစီးပြီးနောက် ဒီကြံစည်မူမှာ အမေရိကန်နိုင်ငံပါဝင်တယ်လို့ လူသိရှင်ကြားပြောပါတယ်။ Kem Sokha ကိုယ်တိုင်က ကမ္ဘောဒီးယားနိုင်ငံအတွင်း ဒီမိုကရေစီဖေါ်ဆောင်တဲ့ လှုပ်ရှားမူတွေပြုလုပ်ဖို့ အမေရိကန်နိုင်ငံက အကူအညီပေးတယ်လို့ ပြောခဲ့တယ်လို့လည်း ဆိုပါတယ်။

အခုလိုကမ္ဘောဒီးယားဝန်ကြီးချုပ်ရဲ့ အမေရိကန်အပေါ် တိုက်ခိုက်ဝေဖန်မှုတွေ တဖြည်းဖြည်းတိုးလာတာဟာ အမေရိကန်ထံက နိုင်ငံခြားအကူအညီတွေ လျော့လာပြီး တရုတ်နဲ့ ဆက်ဆံရေး ပိုပြီး နီးကပ်လာတာကြောင့်ဖြစ်တယ်လို့ အကဲခတ်တချို့က ဝေဖန်ကြပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
ကမ္ဘောဒီယားအစိုးရ စွပ်စွဲပြောဆိုချက် အမေရိကန်သံအမတ် ငြင်းဆို ကမ္ဘောဒီယားအစိုးရ စွပ်စွဲပြောဆိုချက် အမေရိကန်သံအမတ် ငြင်းဆို Reviewed by THITHTOOLWIN on 08:26 Rating: 5
Powered by Blogger.