အငှားယာဉ်မောင်းမှ အဓမ္မပြုကျင့်ရန် ကြိုးစားသဖြင့် ကားပေါ်မှရုန်းကန် ဆင်းပြေးခဲ့ရ


နေပြည်တော်၊ စက်တင်ဘာ ၁၂

၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်နေ မ×××(၂၀)နှစ်သည် အောင်မင်္ဂလာအဝေးပြေးကားဂိတ်မှ ကားငှားပြီး အိမ်ပြန်လာစဉ် အငှားယာဉ်မောင်းမှ အဓမ္မပြုကျင့်ရန်ကြိုးစားသဖြင့် ကားပေါ်မှရုန်းကန် ဆင်းပြေးခဲ့ရကြောင်း သိရသည်။

 မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်နေ ဇော်မျိုးလွင်(၄၀)နှစ်မောင်းနှင်သည့် AA/×××× Caldina အငှားယာဉ်ဖြင့် လှိုင်သာယာမြို့နယ်သို့ ငှားရမ်းစီးနင်းလာစဉ် အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းရပ်ကွက် အရောက် ဇော်မျိုးလွင်မှ မ××× အား အဓမ္မပြုကျင့်ရန်ကြိုးစားခဲ့သဖြင့် ကားပေါ်မှရုန်းကန် ဆင်းပြေးခဲ့ရခြင်း ဖြစ်သည်။

အဆိုပါ အမှုအား အရေးယူပေးရန်တိုင်တန်းချက်အရ ဇော်မျိုးလွင် အား အင်းစိန်မြို့မ ရဲစခန်း(ပ)၂၅၄၂/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၅၁၁ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်

အငှားယာဉ်မောင်းမှ အဓမ္မပြုကျင့်ရန် ကြိုးစားသဖြင့် ကားပေါ်မှရုန်းကန် ဆင်းပြေးခဲ့ရ အငှားယာဉ်မောင်းမှ အဓမ္မပြုကျင့်ရန် ကြိုးစားသဖြင့် ကားပေါ်မှရုန်းကန် ဆင်းပြေးခဲ့ရ Reviewed by THITHTOOLWIN on 09:37 Rating: 5
Powered by Blogger.