မြန်မာ-အိန္ဒိယ နယ်စပ်တံတား ပြန်လည်ဖွင့်လှစ်


မြန်မာ-အိန္ဒိယနှစ်နိုင်ငံချစ်ကြည်ရေးတံတားကို အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ရှိ နိုင်ငံရေး ပါတီတစ်ခုဖြစ်သည့် Mizoram National Front-MNF ပါတီက မီဇိုရမ်ပြည်နယ်အတွင်းရှိ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုကို ပြန်လည်ပြုပြင်စေလို၍ ဆန္ဒပြသသည့်အနေဖြင့် လူနှင့် ယာဉ်ဝင်/ထွက်သွားလာမှုကို စက်တင်ဘာ ၁၄ ရက်က တားမြစ်ပိတ်ပင်ထားခဲ့ရာ စက်တင်ဘာလ ၁၅ ရက်နေ့  နံနက် ၈ နာရီတွင် ပြန်လည်ဖွင့်လှစ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

မြန်မာ-အိန္ဒိယနှစ်နိုင်ငံနယ်စပ်တံတားကို မီဇိုရမ်ပြည်နယ်အတွင်း ကူးသန်းသွားလာသည့် လမ်းမကြီးများပျက်စီးပြီး ပြည်သူများအခက်အခဲ ကြုံတွေ့နေရခြင်းကြောင့် ပြည်နယ်အတွင်းရှိ လမ်းပန်းဆက်သွယ်ရေးပျက်စီးမှုကို ပြည်နယ်အစိုးရက ပြန်လည်ပြုပြင်ပေးရေးအတွက် MNF ပါတီက ဆန္ဒပြသည့်အနေဖြင့် စက်တင်ဘာ ၁၄ ရက် နံနက် ၆ နာရီမှ ညနေ ၆ နာရီအတွင်း မြန်မာ-အိန္ဒိယနှစ်နိုင်ငံနယ်စပ်တံတားမှ လူနှင့်ယာဉ်ဝင်/ထွက်သွားလာမှု ပိတ်ပင်ထားခြင်း ဖြစ်ရာ ခရီးသွားပြည်သူများကို ထောက်ထားသည့်အနေဖြင့် တံတားပြန်လည်ဖွင့်လှစ်ပေးခြင်း ဖြစ်သည်။

အဆိုပါ ဆန္ဒပြတောင်းဆိုမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာများနှင့် ဆက်လက်တိုင်ပင် ဆွေးနွေးသွားမည်ဖြစ်ပြီး တိုင်ပင်ဆွေးနွေးမှုထူးခြားမှုမရှိပါက ဆန္ဒပြခြင်းကို ဆက်လက် ဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း သိရသည်။

ရိခေါဒါရ်(ပြန်/ဆက်)
The Mirror Daily
https://www.facebook.com/TheMirrorDaily/
မြန်မာ-အိန္ဒိယ နယ်စပ်တံတား ပြန်လည်ဖွင့်လှစ် မြန်မာ-အိန္ဒိယ နယ်စပ်တံတား ပြန်လည်ဖွင့်လှစ် Reviewed by THITHTOOLWIN on 07:22 Rating: 5
Powered by Blogger.