တပ်မတော်သားတစ်ဦးကို ဓားဖြင့်ထိုးခဲ့သူ တစ်ဦးဖမ်းမိ သုံးဦးထွက်ပြေး


မော်လမြိုင်၊ စက်တင်ဘာ ၁

မော်လမြိုင်မြို့၊ မန္တလေးရပ်ကွက်တွင် သြဂုတ် ၂၉ ရက်နေ့ညပိုင်းက တပ်မတော်သားတစ်ဦးကို အမျိုးသား လေးဦးမှဝိုင်းဝန်းထိုးကြိတ်ခဲ့ပြီး ဓားဖြင့် ထိုးခဲ့ရာ တစ်ဦးဖမ်းမိခဲ့ပြီး သုံးဦးထွက်ပြေးတိမ်းရှောင်နေကြောင်း ဒိုင်းဝန်ကွင်းနယ်မြေရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ- သံလွင်တံတား RP 22 တွင်လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် ဒုတပ်ကြပ် မျိုးသိန်းဦးသည် ကင်းတာဝန်ပြီးဆုံး၍ ပြန်လာစဉ် လူငယ်လေးဦးတို့နှင့် စကားများကြရာမှ ရုန်းရင်းဆန်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ရပ်ကွက်ဒေသခံများထံမှ သိရသည်။

“ရဲဘော်ကို ရပ်ကွက်ကလူငယ်လေးယောက်က မင်းဘယ်ကကောင်လဲ၊ ရပ်ကွက်ထဲကို ဘာလာလုပ်တာလဲ၊ မေးတော့ ရဲဘော်ကလည်း မင်းတို့က ဘာကောင်တွေလဲလို့ ပြန်ပြောတော့ တစ်ယောက်တည်းကို လေးယောက်က ဝိုင်းပြီးထိုးကြရင်း ငမဲဆိုတဲ့သူက ဓားနဲ့ ထိုးခဲ့တယ်”ဟု ရဲအရာရှိ တစ်ဦးက ပြောသည်။

ဓားမြှောင်ဖြင့် ထိုးခဲ့သည့် ငမဲဆိုသူကို သြဂုတ် ၃၀ ရက်နံနက် ၁ နာရီခွဲခန့်က ဖမ်းဆီးရမိခဲ့ပြီး ကျန်လူငယ်သုံးဦးမှာ ထွက်ပြေးတိမ်းရှောင်နေကြောင်း ဒိုင်းဝန်ကွင်းနယ်မြေ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဆိုသည်။

တပ်မတော်သားတစ်ဦးကို ဝိုင်းဝန်းထိုးကြိတ်ပြီး ဓားမြှောင်ဖြင့် ထိုးခဲ့သူ ငမဲ၊ အာဂဘင်၊ မြဝတီ၊ လဟင်ဂံတို့ လေးဦးကို ဒိုင်းဝန်ကွင်းနယ်မြေရဲစခန်းမှ (ပ) ၇၁၆/ ၂၀၁၇၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ- ၃၂၆၊၁၁၄ အရ အမှုဖွင့် အရေးယူစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ခေတ်မင်း
https://hintharmedia.com
တပ်မတော်သားတစ်ဦးကို ဓားဖြင့်ထိုးခဲ့သူ တစ်ဦးဖမ်းမိ သုံးဦးထွက်ပြေး တပ်မတော်သားတစ်ဦးကို ဓားဖြင့်ထိုးခဲ့သူ တစ်ဦးဖမ်းမိ သုံးဦးထွက်ပြေး Reviewed by THITHTOOLWIN on 09:56 Rating: 5
Powered by Blogger.