ပုသိမ်သူ နိုင်ငံကျော် အကြားအမြင်ဆရာမအီးတီ ကွယ်လွန်


စက်တင်ဘာ ၁၀

ထိုင်းနိုင်ငံအပါအဝင် အရှေ့တောင်အာရှနဲ့ အာရှတိုက်တခွင်မှာ ထင်ရှားကျော်ကြားတဲ့ အကြားအမြင်ဆရာမ ပုသိမ်သူ ဒေါ်ဆွေဆွေဝင်း (ခ) အီးတီ ဒီကနေ့ မနက် ၄း၃၀အချိန်က သင်္ဃန်းကျွန်းမြို့နယ်က နေအိမ်မှာ ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။

ထင်ရှားကျော်ကြားတဲ့ အကြားအမြင်ဆရာမ အီးတီဟာ ကွယ်လွန်ချိန်မှာ အသက်၅၈နှစ်ရှိပြီဖြစ်ပါတယ်။

သူမရှင်သန်နေတဲ့ကာလတလျှောက်မှာ အီးတီဖောင်ဒေးရှင်းတည်ထောင်ပြီး မျက်စိဝေဒနာရှင်တွေကို အခမဲ့ခွဲစိပ်ပေးတဲ့အပြင် အခြားပရဟိတလုပ်ငန်းတွေလည်းလုပ်ဆောင်နေခဲ့ပါတယ်။

ကွယ်လွန်သူ အကြားအမြင်ဆရာမအီးတီကို စက်တင်ဘာလ ၁၂ရက်နေ့ ရေဝေးသုသာန်မှာ သဂြိုလ်ပြီး ဂူသွင်းမြှပ်နှံမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဓါတ်ပုံ - ကိုမျိုးမြင့်မြတ်
Ayeyarwaddy Times
https://www.facebook.com/ayeyarwaddytimes

ပုသိမ်သူ နိုင်ငံကျော် အကြားအမြင်ဆရာမအီးတီ ကွယ်လွန် ပုသိမ်သူ နိုင်ငံကျော် အကြားအမြင်ဆရာမအီးတီ ကွယ်လွန် Reviewed by THITHTOOLWIN on 18:46 Rating: 5
Powered by Blogger.