ဆေးရိုးကြပ်တင်ရာမှ မီးလောင်မှုဖြစ်ပွား


မြင်းခြံ ၊ စက်တင်ဘာ - ၁၀

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ အမှတ် (၁၇) ရပ်ကွက်၊ အပိုင်း (၃)၊ နယ်မြေ (၁၀) ရှိ ယုန်မင်းဆေးလိပ်ခုံတွင် စက်တင်ဘာ (၉) ရက်၊ ည (၁၁း၂၀) နာရီအချိန်မီးလောင်နေကြောင်းသိရှိရသည်။

ယုန်မင်းဆေးလိပ်ခုံတွင် ဆေးရိုးများကြပ်တင်ရာမှ အနီးရှိထရံသို့ကူးစက်လောင်ကျွမ်းခဲ့ခြင်း ဖြစ်ပြီး (၇၅ x ၄၀) သွပ်မိုး၊ ထရံကာ ဆေးရိုးများသိုလှောင်ထားသော ဂိုဒေါင်တစ်လုံးမီးလောင်ဆုံးရှုံးခဲ့သည်။


 အဆိုပါမီးလောင်မှုဖြစ်ပွားရာသို့ မြင်းခြံခရိုင်မီးသတ်တပ်ဖွဲ့မှူး ဦးအောင်ကျော်နိုင်ဦးစီး၍ မီးငြိမ်းသတ်ယာဉ် (၆) စီး၊ မီးသတ်ရေယာဉ်သယ်ယာဉ် (၅) စီး၊ ပုဂ္ဂလိကရေသယ်ယာဉ် (၇) စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရံ မီးသတ်တပ်ဖွဲ့ဝင်များမှ မီးငြိမ်းသတ်ရာ ပြည်သူများမှလည်းဝိုင်းဝန်းကူညီခဲ့ကြသဖြင့် ည (၁၂) နာရီအချိန်တွင် မီးလုံးဝငြိမ်းသတ်နိုင်ခဲ့ကြောင်းသိရှိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် လူနှင့်တိရစ္ဆာန်များထိခိုက်သေကျေပျက်စီးမှုမရှိခြင်းနှင့် အခြားသို့ ကူးစက်လောင်ကျွမ်းမှုမရှိကြောင်းသိရှိရသည်။ မီးလောင်မှုဖြစ်ပွားသည့် ယုန်မင်းဆေးလိပ်ခံမန်နေဂျာ ဦးဖိုးလုံးအား မြင်းခြံမြို့မရဲစခန်းမှ အရေးယူဆောင်ရွက်ထားကြောင်း သိရှိရ သည်။

ဦးဇော်မင်းနိုင် ( မြင်းခြံ )
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ဆေးရိုးကြပ်တင်ရာမှ မီးလောင်မှုဖြစ်ပွား ဆေးရိုးကြပ်တင်ရာမှ မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 18:43 Rating: 5
Powered by Blogger.