သျှမ်းပြည်တောင်ပိုင်း မြို့နယ်များအတွင်း ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးမှုအထူးလိုအပ်ဟု မိုးနဲမြို့ လွှတ်တော်အမတ်တိုက်တွန်း

Photo: မိုးနဲမြို့ လွယ်မြေရပ်ကွက်တွင် စက်တင်ဘာလ ၈ ရက်နေ့မနက်ပိုင်းကဖြစ်ပွါးသော ဆိုင်ကယ်တိုက်မှု (Photo by SML )
စက်တင်ဘာလ ၈ ရက် ၂၀၁၇

ရပ်ရွာအတွင်း မတော်တဆယဉ်တိုက်မှု အမှုအခင်းတခုခုပေါ်ပေါက်ခဲ့ပါက ဒေသခံလူထု မှ အချိန်မှီရဲရဲဝံ့ဝံ့ ၀င် ရောက်ကူညီကယ်ဆယ်နိုင်ရေးအတွက် သက်ဆိုင်ရာအာဏာပိုင်များမှ နည်းလမ်းနှင့် စည်းကမ်းဥပဒေ ရှင်းလင်း ပြသပေးဖို့လိုကြောင်း သျှမ်းပြည်တောင်ပိုင်း မိုးနဲမြို့နယ် ကျားခေါင်းပြည်နယ် လွှတ်တော်မတ်က ပြောဆိုလိုက်သည်။

သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် မိုးနဲမြို့လွယ်မြေရပ်ကွက်တွင် စက်တင်ဘာလ ၈ ရက်မနက်ပိုင်းက ဆိုင်ကယ် ၂ စီးအရှိန်ပြင်းစွာတိုက်မိရာ ဆိုင်ကယ်မောင်းဆယ်ကျော်သက်အရွယ် ယောကျာ်းလေး ၂ ဦး မှာ ဒဏ်ရာအပြင်း အထန် ရရှိသွားကြသော်လည်း ရပ်ရွာတွင်းနှင့်လမ်းသွားလမ်းလာများ ချက်ချင်းမကူရဲဘဲ တာဝန်ရှိသူများရောက် လာချိန်တိုင် စောင့်ဆိုင်းနေကြခြင်းမှာ ဒဏ်ရာရသူများအတွက် အချိန်မှီ ဆေးရုံမပို့ နိုင်ပါက အသက်အန္တရာယ် စိုးရိမ်ရကြောင်း မိုးနဲမြို့ ပြည်နယ်လွှတ်တော်အမတ် စိုင်းမွန်းလိန်က ပြောသည်။

“ဖြစ်နိုင်ရင်တော့ ယာဉ်စီးကမ်း၊လမ်းစည်းကမ်းနဲ့ပတ်သက်ပြီး ဒေသခံလူထုကိုကွင်းဆင်းပို့ချပေးဖို့ ပြောပြပေးဖို့။ နောက်ပြီး မတော်တဆယာဉ်တိုက်မှုတွေဘာတွေရပ်ရွာတွင်းမှာဖြစ်လာရင် ဒေသခံလူထုဘက်က ဘယ်လိုတာဝန်ရှိတယ်။ ဘယ်လို လုပ်ရင်တော့မှားမယ်၊ ဘယ်လိုလုပ်သင့်တယ် - စတာတွေကို အသိပညာ ပေးဖို့လိုတယ်လို့ ကျနော်မြင်ပါတယ်။ တိုက်တွန်းပါတယ်။ မဟုတ်ရင် အဲလိုဖြစ်လာရင်လူထုက မကိုင်ရဲ မထိရဲ မကူရဲဆိုတော့ ဒဏ်ရာပြင်းထန်ရင် အလကားသေရမှာပေါ့နော်။ လူ့အသက် တချောင်းကိုအချိန်မှီကူညီကယ်ဆယ်ရတာ ကုသိုလ်ကြီးပါတယ်” - ဟု စိုင်းမွန်းလိန်ကပြောဆိုသည်။

မိုးနဲမြို့လယ်မြေရပ်ကွက်တွင် စက်တင်ဘာ ၈ ရက်နေ့မနက်ပိုင်းက လွယ်မြေရပ်ကွက်သား စိုင်းအင်း စီးနင်းလာ သည့် ဆိုင်ကယ်နှင့် စိုင်းကန္ထ ဒေါ်ပါယိင်း တို့၏သား စိုင်းနိ စီးနင်းလာသည့် ဆိုင်ကယ်တို့ အရှိန်ပြင်းထန်စွာတိုက်မိရာ ၂ ဦးလုံးမှာ အပြင်းအထန်ဒဏ်ရာရရှိသွားကြောင်း၊ မျက်မြင်သက်သေ များလမ်းသွားလမ်းလာများလည်း ကူညီရန်မ၀ံ့ရဲကြကြောင်း၊ လွှတ်တော်အမတ် ရောက်လာမှ ကိုယ်တိုင်ဝင်ရောက်သယ်ယူကာ ဆေးရုံ ပို့ဆောင်ရကြောင်း၊ စိုင်းအင်းမှာဒဏ် ရာပြင်းထန်သဖြင့်လွယ်လင် ဆေးရုံသို့ဆောင်ရကြောင်း၊ ၂ ဦးလုံးမှာ အသက် ၂၀ ၀န်းကျင်လူငယ်များဖြစ်ပြီး ဆောက်လုပ်ရေး ပန်းရံလုပ်သားများဖြစ်ကြောင်း မိုးနဲမြို့သား စိုင်းဝမ်းကလည်းပြောပြသည်။

လိုင်စင်မဲ့ကားနှင့်ဆိုင်ကယ်များ အလွယ်တကူဝယ်ယူစီးနင်းနိုင်ကြသည့်နောက်ပိုင်း သျှမ်းပြည်တွင်း မြို့နယ် တော်တော်များများတွင် ဆိုင်ကယ်နှင့်ကားများဖြင့် စည်ကားလျှက်ရှိကြောင်း၊ ဖွံ့ဖြိုးတိုးတက်ဆဲမြို့ ငယ်များ တွင်လည်း မြို့တွင်းလူထုရော ကျေးလက်လူထုပါ ယာဉ်စည်းကမ်း လမ်းစည်းကမ်းနားမလည်ဘဲ မောင်း နှင်ကြ သဖြင့် ယာဉ်တိုက်မှုလည်း မကြာခဏဖြစ်ပွားကြောင်း သျှမ်းပြည်တောင်ပိုင်းလင်းခေးမြို့နယ်မှ ဒေသခံ နန်းနွံလျန်ကပြောပြသည်။

“မိုင်းပန်၊ လင်းခေး၊ မိုးနဲ ဒီ ၃ မြို့မှာအထူးသဖြင့် ပါဘဲ ။ ကားတွေဆိုင်ကယ်တွေက အရမ်းများလာတယ်။ ပြီးတော့ ပရမ်းပတာစီးကြတယ်။ ဆယ်ကျော်သက်လူငယ်တွေပေါ့။ သူတို့ဘယ်လောက်အစီးကြမ်းလဲဆိုရင် သက်ကြီးပိုင်းတွေ တောင်မှတယောက်ထဲ စက်ဘီး၊ ဆိုင်ကယ် မစီးရဲဖြစ်ကြတယ်။ ပြီးခဲ့တဲ့ ၂ လ ၃ လ လောက်က လင်းခေးမြို့ငယ်လေးရဲ့ ၀မ့်လွယ်ရပ်ကွက်မှာ ဆိုင်ကယ်အစီးမြန်တဲ့ကောင်လေး၂ယောက်က လမ်းကြားကနေထွက် လာတဲ့အမျိုးသမီးတယောက် ကိုဝင်တိုက်လို့ အမျိုးသမီးသေသွားတယ်။ အဲ့တရက်ထဲ မှာဘဲ ပန်ဝေါင်ရပ်ကွက်အထွက်မှာ ဆိုင်ကယ်စီး အမျိုးသား တယောက်ကို ကားတစီးက၀င်တိုက်သွား တယ်။ ကျမတို့ မြို့ငယ်လေးမှာဒါမျိုးတွေမဖြစ် သင့်ဘူးလေ။ ငယ်ငယ်တုန်းက ဒါမျိုးမရှိဖူးဘူး။ ခုကျမှ တိုက်တာ ၊ လဲတာမှောက်တာတွေခနခနဖြစ်တာ။ ဒါကြောင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းနဲ့ပတ် သက်ပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် ပညာပေးမှုတွေပြုဖို့ တကယ်လိုအပ်ပါတယ် ”- ဟု ပြောသည်။

လင်းခေးမြို့ခံ စိုင်းစိုင်း က ယခုကဲ့သို့ ယာဉ်တိုက်မှု များပြားလာခြင်းသည် ယာဘ နှင့် အခြား မူးယစ်ထုံထိုင်းစေသော ဆေးဝါးများ သုံးစွဲသဖြင့် ယာဉ်ပရမ်းပတာမောင်းနှင်ခြင်းများလည်းပါဝင်ကြောင်း၊ ဒီ့အတွက် ယာဉ်စည်းကမ်း အပြင် မူးယစ်ဆေးဝါးများ သုံးစွဲသူ၊ ရောင်းဝယ်သူမရှိစေရန်လည်း အာဏာပိုင်များအနေဖြင့် ကြပ်မတ်ဆောင်ရွက်ပေးသင့်ကြောင်း ပြောသည်။

သျှမ်းသံတော်ဆင့် ( ဟွမ်ဟိန်း)
Panglong(Burmese)
https://www.facebook.com/Panglong.burmese/
သျှမ်းပြည်တောင်ပိုင်း မြို့နယ်များအတွင်း ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးမှုအထူးလိုအပ်ဟု မိုးနဲမြို့ လွှတ်တော်အမတ်တိုက်တွန်း သျှမ်းပြည်တောင်ပိုင်း မြို့နယ်များအတွင်း ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးမှုအထူးလိုအပ်ဟု မိုးနဲမြို့ လွှတ်တော်အမတ်တိုက်တွန်း Reviewed by THITHTOOLWIN on 18:48 Rating: 5
Powered by Blogger.