သြဂုတ် ၂၅ ရက်နေ့မှ စက်တင်ဘာ ၁၃ ရက်နေ့ထိ အလောင်း ၁၀၂ လောင်း ဘင်္ဂလာဒေ့ရှ်တွေ့ရှိ

(နတ်မြစ်တစ်လျှောက် ကင်းလှည့်နေသည့် မြန်မာ လုံခြုံရေး တပ်ဖွဲ့ဝင်များကိုတွေ့ရစဉ်)
နိရဉ္စရာ၊ စက်တင်ဘာ ၁၃

သြဂုတ် ၂၅ ရက်နေ့ နယ်ခြားစောင့် စခန်းများ တိုက်ခိုက်ခံရပြီးနောက် မြန်မာနိုင်ငံဘက်မှ ဘင်္ဂလီလူမျိုးအများအပြား ဘင်္ဂလာဒေ့ရှ်သို့ ထွက်ပြေးလာခဲ့သည်။

သြဂုတ် ၂၅ ရက်နေ့မှ စက်တင်ဘာလ ၁၃ ရက်နေ့ထိ ဘင်္ဂလီ လူမျိုး အလောင်း ၁၀၂ လောင်းကို ဘင်္ဂလာဒေ့ရှ် ရဲအဖွဲ့က ရှာဖွေတွေ့ရှိခဲ့သည်ဟု BD News ကဆိုသည်။

၎င်းအလောင်းများကို မြန်မာနှင့် ကပ်ရပ်တည်ရှိသည့် ကော့စ်ဘဇား (ဖလောင်းချိတ်) ခရိုင်နှင့် ဘင်ဒရိုဘင် (ရွာတော်) ခရိုင်ရှိ နေရာအများအပြားတွင် ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။

ယနေ့နံနက် ၈ နာရီနှင့် ၁၁ နာရီအကြားတွင်လည်း အလောင်း ၇ လောင်းကို နတ်မြစ်ထဲတွင် ရှာဖွေတွေ့ရှိခဲ့ပြီး အမျိုးသမီး ၃ ဦးအလာင်းနှင့် ကျန်အလောင်းများမှာ ကလေးငယ်များဖြစ်ကြောင်း ဘင်္ဂလာရဲက ပြောကြားသည်။

သူတို့သည် နတ်မြစ်ကို လှေဖြင့် ဖြတ်ကူးပြီး ရှင်မဖြူကျွန်း ဧရိယာသို့ လာရောက်စဉ် လှေနစ်ရာမှ သေဆုံးသူများ ဖြစ်နိုင်ကြောင်း ဘင်္ဂလာရဲအဖွဲ့က ပြောကြားသည်။

သြဂုတ် ၂၅ ရက်နေ့က နယ်ခြားစောင့်စခန်း ၃၀ ကို ဘင်္ဂလီ အကြမ်းဖက်သမားများမှ ၀င်ရောက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး လုံခြုံရေး တပ်ဖွဲ့ဝင် ၁၁ ဦးသေဆုံးခဲ့ရပြီးနောက် ရခိုင်ပြည်နယ် အနောက်ဘက်ခြမ်းတွင် မတည်ငြိမ်မှုများ ပေါ်ပေါက်နေကြောင်း သတင်းတွင် ဖော်ပြသည်။

Narinjara
https://www.facebook.com/Narinjara
သြဂုတ် ၂၅ ရက်နေ့မှ စက်တင်ဘာ ၁၃ ရက်နေ့ထိ အလောင်း ၁၀၂ လောင်း ဘင်္ဂလာဒေ့ရှ်တွေ့ရှိ သြဂုတ် ၂၅ ရက်နေ့မှ စက်တင်ဘာ ၁၃ ရက်နေ့ထိ အလောင်း ၁၀၂ လောင်း ဘင်္ဂလာဒေ့ရှ်တွေ့ရှိ Reviewed by THITHTOOLWIN on 22:07 Rating: 5
Powered by Blogger.