ဂစ်တာဖြင့် အရိုက်ခံရပြီး လူတစ်ဦးသေဆုံးမှုဖြစ်ပွား


မြစ်ကြီးနား စက်တင်ဘာ ၁၃

ဂစ်တာဖြင့်အရိုက်ခံရရာမှ လူတစ်ဦးသေဆုံးမှုဖြစ်ပွားခဲ့ရာ တရားခံများ မမိသေးကြောင်း မြစ်ကြီးနားမြို့ နယ်မြေရဲစခန်းမှ ဒုရဲမှုးသိန်းဇော် ကပြောသည်။

`တရားခံ မမိသေးပါဘူး ဘယ်သူရိုက် သွားတယ်ဆိုတာ မသိသေးဘူး စုံစမ်းစစ်ဆေးဆဲပဲ´ ဟု၎င်းကပြောသည်။


စက်တင်ဘာ၁၂ရက် ည၁၁ခွဲခန့်တွင် မြစ်ကြီးနားမြို့ အောင်နန်းရပ်ကွက် နယ်မြေ ၁၄ မီးရထားသံလမ်းကူး အနီးတွင် အဆိုပါ ရပ်ကွက်တွင် နေထိုင်သော မောင်မျိုးမျိုးကျော်(၁၉နှစ်)သည် ညဈေးတန်း ထမင်းကြော်ဆိုင်တွင် ထိုင်နေသော လူငယ်၅ဦးခန့်နှင့် စကားများရန်ဖြစ်ရာမှ KEPME တံဆိပ် ဂစ်တာအနက်ရောင်ဖြင့် အရိုက်ခံရပြီး သံလမ်းကူးအနီးတွင် လဲကျနေသည်ဟု ၎င်း၏အစ်ကို တရားလို ကိုမင်းမင်းသိန်း၏ သူငယ်ချင်းတစ်ဦးမှ ဖုန်းဆက်အကြောင်းကြားရာမှ ဆေးရုံသို့ပို့ဆောင်စဉ် သေဆုံးသွားပါကြောင်း နယ်မြေရဲစခန်းမှ သိရှိရပါသည်။

``ရိုက်လိုက်တဲ့ ဂစ်တာက လျှစ်စစ်ဂစ်တာ အသားထူတယ် အလေးချိန်စီးတယ် ညာဘက်မျက်ခုံးပေါက်ပြဲ ဒဏ်ရာတစ်ချက်နဲ့ပဲ​ဆေးရုံရောက်မှ သေသွားတာပါ´´ဟုအောင်နန်းရပ်ကွက် အုပ်ချုပ်ရေးမှုး ဦးခင်မောင်သန်းကပြောသည်။

အဆိုပါဖြစ်စဉ်ကို နယ်မြေရဲစခန်းတွင်(ပ)၁၉၅/၂၀၁၇ဖြင့် အမှုရေးဖွင့်ထားပြီး အမှုစစ် ဒုရဲအုပ် စည်သူလင်းမှ တရားခံ ဖမ်းဆီး ရမိရေး ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

မီးမီး / EPN
မြစ်ကြီးနားသတင်း Myitkyina News
ဂစ်တာဖြင့် အရိုက်ခံရပြီး လူတစ်ဦးသေဆုံးမှုဖြစ်ပွား ဂစ်တာဖြင့် အရိုက်ခံရပြီး လူတစ်ဦးသေဆုံးမှုဖြစ်ပွား Reviewed by THITHTOOLWIN on 03:09 Rating: 5
Powered by Blogger.