ဆက်ကြေးကောက်ခံလာသော KIA အကြမ်းဖက်သောင်းကျန်းသူ နှစ်ဦးအား ဖမ်းဆီးရမိ


နေပြည်တော် သြဂုတ် ၁၀

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းသည် သြဂုတ် ၉ ရက် နံနက် ၁၀ နာရီခန့်တွင် မန်ပန်ရွာ၏ အရှေ့မြောက်ဘက်
မီတာ ၂၀၀၀ ခန့်အကွာသို့ အရောက်၌ မန်ပန်ရွာမှ တောင်ယာများသို့သွားသည့် တောလမ်းအတိုင်း အမည်မသိ အမျိုးသားနှစ်ဦး မောင်းနှင်လာသော CANDA-125 အမျိုးအစားမော်တော်
ဆိုင်ကယ်တစ်စီးအား မသင်္ကာသဖြင့် စစ်ဆေးရန် ရပ်တန့်စေခဲ့ရာ ရပ်တန့်ခြင်းမရှိဘဲ နောက်ကြောင်းသို့မောင်းနှင်ထွက်ပြေးသွားသဖြင့် လက်နက်ငယ်များဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့သည်။

ဖြစ်စဉ်တွင် KIA အကြမ်းဖက်သောင်းကျန်းသူ အလောင်းနှစ်လောင်း နှင့်အတူ မြန်မာငွေကျပ်သိန်း ၇၀၊ ၄ လက်မခန့် ပယင်းကျောက်နှစ်ချောင်း၊ ရွေးစေ့အရွယ် ရွှေခြောက်လုံး၊ ဟန်းဆက်တစ်လုံး၊ ကချင်ဘာသာဖြင့် ရေးသားထားသော စာရွက်စာတမ်းများ၊ လမ်းလျှောက်စကားပြောစက်တစ်လုံး၊ KIA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ ဦးထုပ်တစ်လုံး၊ KIA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့ ယူနီဖောင်းတစ်စုံတို့အား သိမ်းဆည်း ရမိခဲ့ကြောင်းသတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
https://www.facebook.com/Cincds/
ဆက်ကြေးကောက်ခံလာသော KIA အကြမ်းဖက်သောင်းကျန်းသူ နှစ်ဦးအား ဖမ်းဆီးရမိ ဆက်ကြေးကောက်ခံလာသော KIA အကြမ်းဖက်သောင်းကျန်းသူ နှစ်ဦးအား ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 21:14 Rating: 5
Powered by Blogger.