ဆားလင်းကြီး သြဂုတ် ၁၁
၂ဝ၁၇ ခုနှစ်၊ သြဂုတ်လ (၁ဝ)ရက် နေ့လည် (၁)နာရီခွဲက ဆားလင်းကြီးမြို့နယ်၌လူတစ်ဦးဓာတ်တိုင်ပေါ်မှပြုတ်ကျ၍သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာအုပ်စု၊ ထန်းတောကြီးကျေးရွာနေ မျိုးလှိုင်ဝင်း (၂၁)နှစ်သည်ဆားလင်းကြီးမြို့နယ်၊ ရွှေကြက်တွန်ကျေးရွာ၌ သြဂုတ်လ (၁ဝ)ရက်နေ့လည် ၁ နာရီခွဲခန့်ကပေ (၃ဝ)ခန့်အမြင့်ရှိသော ကွန်ကရစ်ဓါတ်တိုင်ပေါ်သို့ မီးကြိုးများ သွယ်တန်းရန် ဓါတ်တိုင်ပေါ်သို့တက်၍ ပြုလုပ်စဉ်အမြင့်(၁၅)ပေခန့်အရောက်၌ ပြုတ်ကျခဲ့ကြောင်း သိရပါသည်။
အာက်တွင်ခင်းထားသော တမံတလင်းပေါ်သို့ ပြုတ်ကျခဲ့ခြင်းကြောင့် ဒဏ်ရာများရရှိသဖြင့် ဆားလင်းကြီးမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ရာ နေ့လည် ၂ နာရီ ၄၅ မိနစ်ခန့်တွင် မျိုးလှိုင်ဝင်းမှာ ရရှိသော ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ဆားလင်းကြီးမြို့မရဲစခန်းမှ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ်စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
ဦးငယ်(ဆားလင်းကြီး)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
လူတစ်ဦး ဓာတ်တိုင်ပေါ်မှ ပြုတ်ကျသေဆုံးမှုဖြစ်ပွား
Reviewed by THITHTOOLWIN
on
20:53
Rating: