ရုရှားတိုက်လေယာဉ်များ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဆီးရီးယားတွင် IS စစ်သွေးကြွ ၂ဝဝ ကျော်သေဆုံးခဲ့ရ


မော်စကို သြဂုတ် ၂၁

ရုရှားလေတပ်မှဆီးရီးယားနိုင်ငံDeir al-Zor မြို့အနီးတွင် ကြီးမား သည့်အစ္စလာမ္မစ်စစ်သွေးကြွအဖွဲ့ (IS) တိုက်ခိုက်ရေးသမားများ၏ ယာဉ်တန်းကို ပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်းနှင့်IS စစ်သွေးကြွများစွာ သေဆုံးခဲ့ရကြောင်း သိရသည်။

 ရုရှားလေတပ်မှDeir al-Zor မြို့ သို့ သွားရာလမ်းကြောင်းအတွင်း၌ အဆိုပါတိုက်ခိုက်မှုကို ပြုလုပ်ခဲ့ ခြင်းဖြစ်ပြီး အဆိုပါတိုက်ခိုက်မှု အတွင်းIS စစ်သွေးကြွ ၂ဝဝကျော် သေဆုံးခဲ့ရကြောင်းရုရှားကာကွယ် ရေးဝန်ကြီး၏ယနေ့တွင်ပြောကြားမှု ကို ရုရှားသတင်းဌာနများမှ ကိုး ကားပြီးဖော်ပြခဲ့ခြင်းဖြစ်သည်။

IS အဖွဲ့များသည် ဆီးရီးယား နိုင်ငံတောင်ပိုင်း ရက်ကာပြည်နယ် နှင့် ဟွမ်းစ်ပြည်နယ်အနောက်ပိုင်း တို့မှ ဆီးရီးယားမြေပြင်တပ်များနှင့် ရုရှားလေတပ်တို့၏တိုက်ထုတ်ခြင်း ခံရပြီးနောက်ပိုင်းတွင်၎င်းတို့၏တပ် များကိုDeir al-Zor မြို့အနီးတစ် ဝိုက်တွင်အခြေချတပ်စွဲလာကြခြင်း ဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန် ကြီးဌာန၏ ပြောကြားချက်အရသိ ရသည်။

ထို့ပြင် ရုရှားလေတပ်မှ တိုက် လေယာဉ်များသည်စစ်သွေးကြွများ ၏တိုက်ခိုက်ရေးဆိုင်ရာလက်နက် ပစ္စည်းများကိုလည်း ဖျက်ဆီးပစ် နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ သို့သော်လည်း ရုရှားလေတပ်မှDeir al-Zor မြို့အနီးတွင် အဆိုပါIS ၂ဝဝ ကျော် သေဆုံးစေသည့် တိုက်ခိုက်ရေးသမားများ၏ ယာဉ် တန်းကို လေကြောင်းမှတိုက်ခိုက်မှု ပြုလုပ်ခဲ့သည့်အချိန်ကိုမူအတိအကျ ဖော်ပြခဲ့ခြင်းမရှိကြောင်းသိရသည်။

နောင်နောင်
Ref: Reuters
The Union Daily
https://www.facebook.com/uniondaily.net
ရုရှားတိုက်လေယာဉ်များ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဆီးရီးယားတွင် IS စစ်သွေးကြွ ၂ဝဝ ကျော်သေဆုံးခဲ့ရ ရုရှားတိုက်လေယာဉ်များ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဆီးရီးယားတွင် IS စစ်သွေးကြွ ၂ဝဝ ကျော်သေဆုံးခဲ့ရ Reviewed by THITHTOOLWIN on 19:06 Rating: 5
Powered by Blogger.