တိုင်းနဲ့ ပြည်နယ် ၇ ခုမှာ မိုးကြီးနိုင်ကြောင်း မိုးဇလထုတ်ပြန်

မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သြဂုတ်လ ၂၈ ရက်နေ့ ထုတ်ပြန်ကြေညာချက်ကို တွေ့ရစဉ်။ Photo: မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
တောင်တရုတ်ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းကြောင့် မြန်မာနိုင်ငံ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၇ ခု မှာ နောက် ၂ ရက်အတွင်း မိုးကြီးနိုင်တယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန် ပါတယ်။

မုန်တိုင်းတိမ်တွေကြောင့် မိုးကြီးနိုင်တာဖြစ်တယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန် ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောပါတယ်။

" အဲ့ဒီသက်ရောက်မှုထက်စာရင် တောင်တရုတ်ပင်လယ်ပြင်က ပြတ်ထွက်လာတဲ့ တိုင်ဖုန်းမုန်တိုင်း အကြွင်းကျန်ပေါ့နော် တိမ်တိုက်တွေရဲ့ သက်ရောက်မှုက ပိုပြီးတော့များနေတယ်ပေါ့နော်။ များနေတဲ့အတွက်ကြောင့်မို့လို့ အဲဒီဟာတွေကြောင့်မို့လို့ ကျနော်တို့ ဒီရက်ပိုင်းထဲမှာ မိုးတွေကြီးတာ၊ မိုးတွေရွာတဲ့အနေ ထားလေးတွေ တွေ့ရတယ်။ ဒီမုတ်သုံလေအားကောင်းနေတဲ့ အတွက်ကြောင့်မို့လို့ မြစ်ဝကျွန်းပေါ်နဲ့ မြန်မာနိုင် ငံတောင်ပိုင်းတွေမှာတော့ မိုးဆက်ကောင်းမယ့် အနေထားလေး တွေ့ရတယ်"

စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ ကရင်နဲ့ မွန်စတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ မှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းက မုန်တိုင်းဖြစ်နိုင်တဲ့ အခြေအနေမရှိဘဲ ဒီနေ့ ညနေပိုင်းမှာ အိန္ဒိယနိုင်ငံ ကမ်းခြေဘက်ကို ၀င်ရောက် သွားနိုင်တယ်လို့ သိရပါတယ်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာလည်း လှိုင်းကြီးနိုင်တယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese
တိုင်းနဲ့ ပြည်နယ် ၇ ခုမှာ မိုးကြီးနိုင်ကြောင်း မိုးဇလထုတ်ပြန် တိုင်းနဲ့ ပြည်နယ် ၇ ခုမှာ မိုးကြီးနိုင်ကြောင်း မိုးဇလထုတ်ပြန် Reviewed by THITHTOOLWIN on 19:03 Rating: 5
Powered by Blogger.