လုံခြုံရေး အခြေအနေဆိုးရွားလာရာမှ နံသာတောင်ပရဟိတမှ ကျောင်းသားကျောင်းသူ ၅၀၀ ကျော်ကို ရွှေ့ပြောင်းရ


နိရဉ္စရာ၊ သြဂုတ် ၂၅

လုံခြုံရေး အခြေအနေ ဆိုးရွာလာရာမှ မောင်တောမြို့နယ် မြောက်ပိုင်း နံသာတောင် ပရဟိတမှ ကျောင်းသား ကျောင်းသူ ၅၀၂ ဦးကို လုံခြုံရာသို့ ယနေ့တွင် ပြောင်းရွှေ့လိုက်ရသည်ဟု သတင်းရရှိသည်။

“ကျောင်းသား ကျောင်းသူ စုစုပေါင်း ၅၀၂ ယောက်ပါ။ ဆရာ ဆရာမက ၁၇ ဦး ပြောင်းရွှေ့ရပါတယ်။ ရွာက အိမ်ခြေ ၃၇ ဆောင်၊ အားလုံးပေါင်းလိုက်ရင် စုစုပေါင်း အားလုံးပေါင်းရင် ၇၀၀ ကျော် ပြောင်းရွှေ့ခဲ့ရပါတယ်။ တောင်ပြို လက်ဝဲကို ပြောင်းရွှေ့ခဲ့ရတာပါ” ဟု နံသာတောင် ပရဟိတ ဆရာတော် ဦးစရနက မိန့်ကြားသည်။


ဒေသ အခြေအနေဆိုးရွားနေပြီး စစ်တပ်မှ နေရာတိုင်းတွင် လုံခြုံရေး လိုက်ယူရန်မှာ မဖြစ်နိုင်ရာမှ ပြောင်းရွှေ့ခြင်း ဖြစ်ကြောင်း ဆရာတော်က မိန့်ကြားသည်။

“ ပြောင်း ရွှေ့ရတာကတော့ ဘုန်းဘုန်းက အစတုန်းကတော့ ကျောင်းသားတွေ၊ ရွာသားတွေနဲ့ ဒီမှာရှိရဲတွေရယ်။ ရဲအင်အားထပ်ရောက်လာရင် ခုခံမယ်လို့ စိတ်ကူး အစီအစဉ်ရှိပါတယ်။ တောင်ပြိုမှာရှိတဲ့ ဗျူဟာမှူးတို့၊ ရဲတပ်ရင်းမှူးတို့ကို အဲသလိုမျိုး အကူအညီတောင်းတဲ့အခါ အကူအညီတော့ မပေးနိုင်ဘူး။ အဲဒီထက် လုံခြုံရေး ကောင်းတဲ့ နေရာကို ရွှေ့ပေးမယ်ဆိုပြီးတော့ အဲသလိုမျိုး ပြောင်းရွှေ့ဖြစ်သွားတာပါ။ သူတို့ ပြောတာက နံသာတောင် ပတ်ဝန်းကျင်မှာ ဘင်္ဂလီရွာတွေက ပတ်ပတ်လည် အကုန်လုံး ၀ိုင်းနေတော့ အင်အားက ညကျရင် ကုလား ငါးထောင် ခြောက်ထောင် အဲလိုမျိုး တက်လာရင် ဒီက စစ်ကူနဲ့ ထိန်းရတာ ပစ်ရတာ လွယ်မှာ မဟုတ်ဘူး။ ဒါကြောင့် တောင်ပြို လက်ဝဲမြို့ကို ပြောင်းရွှေ့လိုက်ရတာ ဖြစ်ပါတယ်” ဟု ဆရာတော်က ပြောသည်။

၎င်းပြင် ဆရာတော်က “ ယခုလို လူပေါင်း ၇၀၀ ကျော်ပြောင်းရွှေ့ခဲ့ရသဖြင့် စားဝတ်နေရေး ကတော့ အထူးအခက်အခဲ ဖြစ်နေကြောင်း၊ တစ်ချို့ဆိုလျှင် ညနေ ၉ နာရီထိ ထမင်းမစားရသေးကြောင်း၊ အခက်အခဲများရှိနေကြောင်း ပြောကြားသည်။

“ တိုက်ပွဲကတော့ မနေ့ညဥ့်က ဖြစ်တယ်။ ဒီနေ့ မွန်းတည့် ၂ နာရီလောက်ကလည်း ဖြစ်တာ ရှိတယ်။ အခုတော့ ဖြစ်တာ မရှိတော့ပါဘူး။ ငြိမ်နေပါတယ်။ စစ်တပ်နဲ့ ရဲက လုံခြုံရေး ယူပေးထားပါတယ်” ဟု ပြောသည်။

နံသာတောင် ပရဟိတမှ ကျောင်းသား ကျောင်းသူများ ဒုက္ခရောက်နေသည့် အချိန်မှာ ကိုယ်တိုင်းရင်းသား ညီအစ်ကို မောင်နှမများအနေဖြင့် ၀ိုင်းဝန်း ကူညီစောင့်ရှောက်ကြစေလိုသည်ဟု ဆရာတော်က မိန့်ကြားသည်။

Narinjara
https://www.facebook.com/Narinjara
လုံခြုံရေး အခြေအနေဆိုးရွားလာရာမှ နံသာတောင်ပရဟိတမှ ကျောင်းသားကျောင်းသူ ၅၀၀ ကျော်ကို ရွှေ့ပြောင်းရ  လုံခြုံရေး အခြေအနေဆိုးရွားလာရာမှ နံသာတောင်ပရဟိတမှ ကျောင်းသားကျောင်းသူ ၅၀၀ ကျော်ကို ရွှေ့ပြောင်းရ Reviewed by THITHTOOLWIN on 11:18 Rating: 5
Powered by Blogger.