မောင်တောခရိုင်ရှိ အခြေခံပညာစာသင်ကျောင်းပေါင်း ၄ဝဝ ကျော်ကို ရက်အကန့်အသတ်မရှိပိတ်လိုက်ပြီ


စစ်တွေ၊ သြဂုတ် ၂၅

အကြမ်းဖက်မှုများကြောင့် မောင်တောခရိုင်ရှိ အခြေခံပညာစာသင်ကျောင်းပေါင်း ၄ဝဝ ကျော်ကို ယနေ့(သြဂုတ်လ ၂၅ ရက်နေ့)မှစတင်ကာ ရက်အကန့်အသတ်မရှိပိတ်လိုက်ပြီဟု ရခိုင်ပြည်နယ်ပညာရေးမှူး ဦးအောင်ကျော်ထွန်းက နိရဉ္စရာကို အတည်ပြုပြောသည်။

"၃ မြို့လုံး အားလုံး ကျောင်းပေါင်း ၄ဝဝ ကျော်တယ်ပေါ့လေ။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ပိတ်ခိုင်းလို့ ပိတ်တာပါ"ဟု ရခိုင်ပြည်နယ်ပညာရေးမှူး ဦးအောင်ကျော်ထွန်းက ပြောသည်။

ယခုပိတ်လိုက်သည့်ကျောင်းများမှာ မောင်တောမြို့နယ်မှာ စာသင်ကျောင်းပေါင်း ၁၈ဝ ကျော်၊ ဘူးသီးတောင်မြို့နယ်မှာ ကျောင်းပေါင်း ၂၂ဝ ကျော်နှင့် ရသေ့တောင်မြို့နယ်မှ ကျောင်းပေါင်း ၂ဝ ကျော်တို့ဖြစ်ကြောင်းလည်း သိရသည်။

"ပညာသင်တယ်ဆိုတာက အေးချမ်းနေမှ စာသင်လို့ရတဲ့ကိစ္စကိုး။ အကြမ်းဖက်မှုတွေရှိနေတော့ စာသင်ဖို့ကလည်း ခက်တယ်လေ"ဟု ဦးအောင်ကျော်ထွန်းက ဆိုသည်။

အဆိုပါစာသင်ကျောင်းများအား ရက်အကန့်အသတ်မရှိပိတ်ပေးရန် မြို့နယ်နှင့် ခရိုင်ပညာရေးမှူးများထံ နှုတ်ဖြင့် ညွှန်ကြားထားပြီးဖြစ်သည်ဟုလည်း သိရသည်။

"အစိုးရက ပိတ်ခိုင်းတာတော့ မသိဘူး။ ကိုယ့်ဟာကိုပိတ်ပြီး အခု ကိုယ့်ရွာကိုပြန်လာနေပါပြီ"ဟု သြဂုတ်လ ၂၅ ရက်နေ့ အရုဏ်တက်က အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားခဲ့သည့် ရသေ့တောင်မြို့နယ် ချိန်ခါလီကျေးရွာမှ ကျောင်းဆရာတစ်ဦးက နိရဉ္စရာသို့ပြောသည်။

ဘင်္ဂါလီကျေးရွာများနှင့်နီးကပ်နေသည့် နယ်ကျေးရွာများရှိ နေရပ်ပြန်ရန်ပိတ်မိနေသည့်ဆရာ၊ ဆရာမများအတွက်လည်း စုရပ်များထားရှိကာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏အကူအညီဖြင့် ပြန်လည်ခေါ်ဆောင်ပေးသွားမည်ဟုလည်း ရခိုင်ပြည်နယ်ပညာရေးမှူး ဦးအောင်ကျော်ထွန်းက ပြောသည်။

မာန်ယုကျော် (ရွှေဝမြေ)
Narinjara
https://www.facebook.com/Narinjara
မောင်တောခရိုင်ရှိ အခြေခံပညာစာသင်ကျောင်းပေါင်း ၄ဝဝ ကျော်ကို ရက်အကန့်အသတ်မရှိပိတ်လိုက်ပြီ မောင်တောခရိုင်ရှိ အခြေခံပညာစာသင်ကျောင်းပေါင်း ၄ဝဝ ကျော်ကို ရက်အကန့်အသတ်မရှိပိတ်လိုက်ပြီ Reviewed by THITHTOOLWIN on 11:18 Rating: 5
Powered by Blogger.