(၉)နှစ်အရွယ်သမီးအား ဖခင်ဖြစ်သူမှ ရိုက်နှက်ထိုးကြိတ်ရာမှ သမီးဖြစ်သူ သေဆုံးမှုဖြစ်​ပွား


တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ်၊ ကျွဲခရံကျေးရွာအုပ်စု၊ သံပြာကျေးရွာတွင်(၉) နှစ်သမီးအား ဖခင်ဖြစ်သူမှပြင်းထန်စွာ ရိုက်နှက် ထိုးကြိတ်မှုကြောင့်(၉) နှစ်သမီး သေဆုံးသွားကြောင်းသိရသည်​။

ဖြစ်​စဉ်​မှာ(၁၆-၈-၂၀၁၇) ရက်နေ့(၁၅၀၀)အချိန်ခန့်က သံပြာ ကျေးရွာနေ ဦးအေးငယ် (၃၇)နှစ်၊၏ အငယ်ဆုံးသားဖြစ်သူ မောင်အေးလင်း (၂)နှစ်၊ ငိုယိုခြင်းကြောင့် ခေါင်းစောင်း(ခ) မအေးမြတ်သွယ်(၉)နှစ်မှ မထိန်းသိမ်း၍ ငိုယိုခြင်းဖြစ်ကြောင်း ဖခင်ဖြစ်သူ အေးငယ် မှ ဒေါသဖြစ်ကာ အေးမြတ်သွယ်၏ မျက်နှာအား လက်သီးဖြင့်ထိုးခြင်း ၊ လက်ဖြင့်ရိုက်ခြင်း ခန္ဓာကိုယ်အား ခြေဖြင့် ကန်ကျောက်ခြင်း ပြုလုပ်ခဲ့တာကြောင့် အေးမြတ်သွယ်၏ မျက်လုံးများ၊ ပါးများတွင် ညိုမဲဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်​။


ထိုညတွင် ညအချိန် အိပ်ရာဝင်ခဲ့ပြီး(၁၇-၈-၂၀၁၇)ရက်နေ့(၀၈၀၀) အချိန်​ခန့်တွင် ဖခင်ဖြစ်သူ ဦးအေးငယ် မှ အေးမြတ်သွယ်အား အိပ်ရာမှ နိုးရာတွင် သေဆုံးနေကြောင်း သိရသဖြင့် အဘိုးတော်စပ်သူ ဦးစိုးတင့်မှ တရားလိုပြုတိုင်တန်းသဖြင့် သဇင်ရဲစခန်း(ပ) ၁၄/၂၀၁၇၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ အရ အမှုဖွင့် အရေးယူထားကြောင်းသိရသည်​။

မြိတ်​ခရိုင်​ သတင်းနှင့် မှုခင်းမီဒီယာ
(၉)နှစ်အရွယ်သမီးအား ဖခင်ဖြစ်သူမှ ရိုက်နှက်ထိုးကြိတ်ရာမှ သမီးဖြစ်သူ သေဆုံးမှုဖြစ်​ပွား  (၉)နှစ်အရွယ်သမီးအား ဖခင်ဖြစ်သူမှ ရိုက်နှက်ထိုးကြိတ်ရာမှ သမီးဖြစ်သူ သေဆုံးမှုဖြစ်​ပွား Reviewed by THITHTOOLWIN on 16:02 Rating: 5
Powered by Blogger.