ရန်ကုန် - မော်လမြိုင် အဝေးပြေးလမ်းတွင် ယာဉ်တိုက်မှုဖြစ် တစ်ဦး သေ ခြောက်ဦး ဒဏ်ရာရ


ဘီးလင်း၊ သြဂုတ် - ၁၈

ဘီးလင်းမြို့ ရန်ကုန် - မော်လမြိုင် အဝေးပြေးလမ်း မိုင်တိုင်အမှတ် ၁၂၅ /၂ နှင့် ၁၂၅ /၃ ကြားတွင် သြဂုတ် ၁၇ ရက် မွန်းလွဲပိုင်းက ယာဉ်တိုက်မှု ဖြစ်ပွားရာ တစ်ဦး သေဆုံးပြီး ခြောက်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိ သည်။

ဖြစ်စဉ်မှာ ကျိုက်ထို ဘက်မှ ဘီးလင်း ဘက်သို့ ယာဉ်မောင်း ခင်ဇော်ဦး ၄၈ နှစ် ဘားအံမြို့ နေသူ မောင်းနှင်လာသော နစ်ဆန်း အပြာရောင် ကုန်တင်ယာဉ်သည် ကန်သာယာရပ်ကွက် ဂျပန်ကုန်း အရောက်တွင် မျက်နှာချင်းဆိုင်မှ လာသော အသုဘပို့ယာဉ်တန်းအား တိမ်းရှောင်ရာမှ ဘရိတ်ပေါက်ပြီး ကျိုက်ထို ဘက်သို့ ယာဉ်မောင်း ဝေဇင်ဖြိုး ၂၃ နှစ် မောင်းနှင်လာသည့် လိုက်ထရပ် မော်တော်ယာဉ်နှင့် အသုဘလိုက်ပါ ပို့ဆောင်သည့် ဆိုင်ကယ် လေးစီးတို့အား တိုက်မိခဲ့သည်။

ဆက်လက်၍ အဆိုပါ ကုန်တင်ယာဉ်သည် အသုဘယာဉ်တန်းအား လမ်းရှင်းနေသည့် ဘီးလင်းမြို့ ဘိုးရာဇာရပ်ကွက်နေ ဇင်မင်းစိုး ၂၀ နှစ် အား ဝင်ရောက်တိုက်မိကာ ဦးခေါင်း ကြေမွဒဏ်ရာ၊ ခါးအောက်ပိုင်း ကြေမွဒဏ်ရာများရရှိ သေဆုံးခဲ့ပြီး ဘိုးရာဇာရပ်ကွက် နေသူများဖြစ်သည့် ဝေယံ ၁၈နှစ်၊ အောင်ထွန်း ၂၈ နှစ်၊ အောင်သူ ၁၈ နှစ်၊ မစန်းစန်းဝေ ၃၇ နှစ်၊ ဒေါ်ညို ၄၁ နှစ် နှင့် ကန်သာယာရပ်ကွက်နေ ဦးသန်းလွင် ၅၀ နှစ် တို့မှာ ခန္ဓာကိုယ် ထိခိုက်ပွန်းပဲ့ဒဏ်ရာများ အသီးသီးရရှိခဲ့ကြသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ဒဏ်ရာရရှိသူများအား လူမှုကူညီရေးအသင်းများမှ ဘီးလင်းဆေးရုံသို့ ပို့ဆောင်ကူညီခဲ့ကြပြီး တရားခံ ယာဉ်မောင်း ခင်ဇော်ဦး အား ဘီးလင်းမြို့နယ်ရဲစခန်းက အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ - ရှင်သန်ရေးနှင့်နာရေးကူညီအသင်း - ဘီးလင်းမြို့
( မြို့နယ် ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ရန်ကုန် - မော်လမြိုင် အဝေးပြေးလမ်းတွင် ယာဉ်တိုက်မှုဖြစ် တစ်ဦး သေ ခြောက်ဦး ဒဏ်ရာရ ရန်ကုန် - မော်လမြိုင် အဝေးပြေးလမ်းတွင် ယာဉ်တိုက်မှုဖြစ် တစ်ဦး သေ ခြောက်ဦး ဒဏ်ရာရ Reviewed by THITHTOOLWIN on 16:33 Rating: 5
Powered by Blogger.