မသင်္ကာသူ ၁ ဦး ခေါ်ဆောင်စစ်ဆေး၊ မီးရထားဆိပ်ရပ်ကွက်ရှိ နေအိမ် ၁ လုံး မီးလောင်မှုဖြစ်ပွား


သြဂုတ် ၁၉၊၂၀၁၇

လုံခြုံရးတပ်ဖွဲ့ဝင်များသည် သြဂုတ် ၁၈ ရက် နံနက် ၉ နာရီ မိနစ် ၅၀ တွင် ဘူးသီးတောင်မြို့နယ် နယ်မြေ ၁၁ ပန်းကိုင်းကျေးရွာ၌ လှည့်ကင်းဆောင်ရွက်စဉ် မသင်္ကာဖွယ် တွေ့ရှိသူ ၁ ဦးအား ခေါ်ဆောင်စစ်ဆေးခဲ့သည်။

ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ပန်းကိုင်းကျေးရွာ၌ လှည့်ကင်းဆောင်ရွက်နေစဉ် မေယုတောင်ခြေဘက်မှဆင်းလာသည့် ပန်းကိုင်းကျေးရွာနေသူ အဒူလော်တီ ၅၅ နှစ်အား အရိုးအသွား ၁၇ လက်မခွဲခန့်ရှိ ဓား ၁ လက်၊ ဆာလာအိတ်ခွံ ၁ အိတ် နှင့် မိုးကာစ ၁ ခုတို့ နှင့်အတူ မသင်္ကာဖွယ်တွေ့ရှိသဖြင့် စေတီပြင်နယ်မြေစခန်း၌ ခေါ်ဆောင် စစ်ဆေးလျက်ရှိကြောင်းသိရသည်။

ထို့ပြင် ဘူးသီးတောင်မြို့နယ် မီးရထားဆိပ်ရပ်ကွက်ရှိ ဆူနာဘေဂေါင် ၅၅ နှစ်၏ နေအိမ်၌ သြဂုတ် ၁၈ ရက် မွန်းလွဲ ၁ နာရီ ၁၅ မိနစ် တွင် မီးကြွင်းမီးကျန်မှ တစ်ဆင့် ၎င်း နေထိုင်သည့်နေအိမ် မီးလောင်မှုဖြစ်ပွားခဲ့သည်။

မီးလောင်မှုကြောင့် အလျား ၁၅ ပေ၊ အနံ ၈ ပေ၊အမြင့် ၁၀ ပေ ခန့်ရှိ ဓနိမိုး၊ဝါးထရံကာ၊ဝါးကြမ်းခင်းနေအိမ်အား မီးလောင်ကျွမ်းခဲ့ပြီး တန်ဖိုးငွေကျပ် ၅၀၀၀၀ ဆုံးရှုံးခဲ့ကြောင်းသိရသည်။ ဆူတင်နာဘေဂေါင် အား မီးပေါ့ဆမှုဖြင့် ဘူးသီးတောင် မြို့မ စခန်း၌ အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်းသိရသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံး၊ သတင်းထုတ်ပြန်ရေးကော်မတီ )
https://www.facebook.com/MyanmarSCOInfoCom
မသင်္ကာသူ ၁ ဦး ခေါ်ဆောင်စစ်ဆေး၊ မီးရထားဆိပ်ရပ်ကွက်ရှိ နေအိမ် ၁ လုံး မီးလောင်မှုဖြစ်ပွား  မသင်္ကာသူ ၁ ဦး ခေါ်ဆောင်စစ်ဆေး၊ မီးရထားဆိပ်ရပ်ကွက်ရှိ နေအိမ် ၁ လုံး မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 19:35 Rating: 5
Powered by Blogger.