ကျောက်ကြီးမြို့နယ်မှ ရဲတပ်ဖွဲ့ဝင်တစ်ဦး ဆိုင်ကယ်မှောက်သေဆုံး


ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ နောင်ကုန်းအုပ်စု၊ ရန်မျိုးအောင်ကျေးရွာထိပ်မှာ သြဂုတ်(၁၉)ရက်နံနက်ပိုင်းက ရဲတပ်ဖွဲ့ဝင်တစ်ဦးဆိုင်ကယ်မှောက်သေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။

သေဆုံးတဲ့ရဲတပ်ဖွဲ့ဝင်ဟာ ကျောက်ကြီးမြို့မရဲစခန်းအပိုင်၊ သိမ်တန်းရပ်ကွက်၊ မာလာဦးရဲကင်းမှာ ရှာဖွေရေးတာဝန်ထမ်းဆောင်နေတဲ့ နယ်ထိန်းဒုတပ်ကြပ်ဇော်မင်းဦးဖြစ်တယ်လို့ ရဲမှတ်တမ်းအရ သိရပါတယ်။


 သေဆုံးသူဟာ လမ်းရဲ့ဝဲဘက်ကားလမ်းအစပ်မှာ အနက်ရောင်(Luojia) ဆိုင်ကယ်ပိကာ မျက်နှာနဲ့ ခြေထောက်နှစ်ဖက်လုံးပေါက်ပြဲဒဏ်ရာတွေနဲ့ သေဆုံးနေတာဖြစ်ပြီး ဆိုင်ကယ်စီးဦးထုတ် မဆောင်းထားဘူးလို့သိရပါတယ်။

 ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး နတ်သံကွင်းနယ်မြေရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ(၃၀၄-က)နဲ့ အမှုဖွင့်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ဒီသတင်းကို ကိုဇင်(ကျောက်ကြီး) ပေးပို့တာ ဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb/
ကျောက်ကြီးမြို့နယ်မှ ရဲတပ်ဖွဲ့ဝင်တစ်ဦး ဆိုင်ကယ်မှောက်သေဆုံး ကျောက်ကြီးမြို့နယ်မှ ရဲတပ်ဖွဲ့ဝင်တစ်ဦး ဆိုင်ကယ်မှောက်သေဆုံး Reviewed by THITHTOOLWIN on 18:21 Rating: 5
Powered by Blogger.