ထီးချိုင့်​မြို့တွင်​ ထီလက်​မှတ်​ အတုပြုလုပ်​သူ ဖမ်းမိ


စစ်​ကိုင်းတိုင်း​ဒေသကြီး၊ ကသာခရိုင်​၊ ထီးချိုင့်​မြို့တွင်​ ထီလက်​မှတ်​ အတုပြုလုပ်​သူ ဖမ်းမိခဲ့​ကြောင်းသိရပါသည်​။

စစ်​ကိုင်းတိုင်း​ဒေသကြီး၊ ကသာခရိုင်​၊ ထီးချိုင့်​မြို့အမှတ်​ ၄ ရပ်​ကွက်​​နေ ဦး​ဋ္ဌေး​အောင်​ဆိုသူသည်​`မိုးယံ​ရွှေလမင်းနှင့် မြတ်​ဆုကု​ဋေ´ထီဆိုင်​ကို ၁၉၈၉ခုနှစ်​ကတည်းက စ၍ ဖွင့်​လှစ်​​ရောင်းချ​နေခဲ့​ကြောင်းသိရပါသည်​။

၉၊၇၊၁၇ရက်​​နေ့နံနက်​ ၉ နာရီအချိန်​ခန့်​တွင်​​ အောင်​​အောင်​ ဆိုသူ လူငယ်​တစ်​​ယောက်​မှ (၄)ကြိမ်​​မြောက်​ ​အောင်​ဘာ​လေထီလက်​မှတ်​မှ ​ရှေ့နှစ်​လုံးတူငါး​သောင်းဆု(၁၀)ဆုအတွက်​ ကျပ်​​ငွေ ၅ သိန်းထုတ်​​ပေး လိုက်​ရာ ​ပေါက်​ဂဏန်းမှာ ဇ ၁၈၉၇၃၀ မှ ဇ ၁၈၉၇၃၉ ဖြစ်​​ကြောင်း သိရပါသည်​၊ ထို​နေ့(၁၁)နာရီအချိန် ​ပြန်​လာပြီး ​(၄)ကြိမ်​​မြောက် ​အောင်​ဘာ​လေ​ထီလက်​မှတ်​မှ ​ရှေ့ဂဏန်း​လေးလုံးတူ နှစ်​သိန်းဆု(၁၀)ဆုအတွက် ​ကျပ်​​ငွေသိန်း ၂၀ ထုတ်​​ပေးလိုက်​ရာ​ ပေါက်​ဂဏန်းမှာ
ကဖ ၇၆၃၈၃၀ မှ ကဖ၇၆၃၈၃၉ ဖြစ်​​ကြောင်း သိရ​ပါသည်​။


၁၁၊၇၊၁၇ ​နေ့တွင် ​အထက်​ပါ ထီလက်​များကို မန္တ​လေးမြို့ ပင်​ရင်းထီဆိုင်​သို့  ပို့​ဆောင်​ခဲ့ရာ ၂၄၊၇၊၁၇ ရက်​​နေ့တွင် ​မန္တ​လေး ပင်​ရင်းဆိုင်​မှ ရှေ့နှစ်​လုံးတူ​ ၅ ​သောင်းဆု ​ပေါက်​ဂဏန်း နံပါတ်​ဇ ၁၈၉၇၃၀ မှ ဇ၁၈၉၇၃၉ထိ ထီလက်​မှတ်​နှင့်​ ​ရှေ့​လေးလုံးတူနှစ်​သိန်းဆု ​ပေါက်​ဂဏန်း နံပါတ်​ကဖ ၇၆၃၈၃၀ မှ ကဖ ၇၆၃၈၃၉ ထိ ထီလက်​မှတ်​များမှာ အက္ခရာနှင့် ဂဏန်းများ ပြန်​လည်​ပြုပြင်​ထားရာစ ၁၈၉၇၃၀ မှ စ၁၈၉၇၃၉ကို(ဇ)အက္ခရာသို့ ၎င်း ၊ကဒ ၇၆၃၈၃၀ မှ ကဒ ၇၆၃၈၃၉ကို (ကဖ)သို့ ၎င်းအတုပြင်​ဆင်​ထား​ကြောင်း အ​ကြောင်းပြန်​လာသဖြင့် ထီးချိုင့်​မြို့ ထီဆိုင်​ပိုင်​ရှင်​ဦး​ဋ္ဌေး​အောင်​မှာ(၂၅)သိန်း အလိမ်​ခံခဲ့ရ​ကြောင်း သိရပါသည်​။

၉၊၈၊၁၇ ရက်​​နေ့ ၁၀နာရီအချိန်​ခန့်​တွင်​ ၎င်းထံထီလက်​မှတ်​အတု ပြုလုပ်​သူကို ထီးချိုင့်​မြို့ အမှတ်​ ၂ ​ဈေးအနီး`ချစ်​မိတ်​​ဆွေ´စား​သောက်​ဆိုင်​ အနီး​တွေ့ရှိရ၍ ရဲစခန်းအ​ကြောင်းကြားပြီး သက်​​သေများဖြင့် ဖမ်းဆီးစစ်​​ဆေးရာ ၎င်းလက်​ထဲမှ (၅)ကြိမ်​​မြောက်​ ​အောင်​ဘာ​လေထီလက်​မှတ်​မှ ဏ ၅၄၆၄၃၀ မှ ဏ ၅၄၆၄၃၉ ​ရှေ့ ဂဏန်းသုံးလုံးတူ တစ်​သိန်းဆုကို ​ရှေ့သုံးလုံး ၅၄၀ကို ၅၄၆ပြုပြင်​ထား​သော ထီလက်​မှတ်​အတုနှင့်အတူ ဖမ်းမိထားသဖြင့် ​အောင်​​အောင်​ အမည်​ခံ ဆန်းလင်းနိုင်​၊ ​ရေတွင်းကုန်းကြီး​ကျေးရွာ၊ ​မှော်​ဘီမြို့နယ်​၊ ရန်​ကုန်​​နေသူအား ထီးချိုင့်​မြို့ရဲစခန်းမှ စခန်းမှူးဒုရဲမှူးရဲထွဋ်​​အောင်​နှင့်အဖွဲ့မှ ဖမ်းဆီး၍ ဥပ​ဒေ​ဒေအရ အ​ရေးယူ ​ဆောင်​ရွက်​ထား​ကြောင်း သိရသည်​။

လူ​အောင်​(ကသာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ထီးချိုင့်​မြို့တွင်​ ထီလက်​မှတ်​ အတုပြုလုပ်​သူ ဖမ်းမိ ထီးချိုင့်​မြို့တွင်​ ထီလက်​မှတ်​ အတုပြုလုပ်​သူ ဖမ်းမိ Reviewed by THITHTOOLWIN on 16:04 Rating: 5
Powered by Blogger.