အမျိုသမီးတစ်ဦးအား ဓါတ်ဆီပက်ဖျန်း မီးရှို့ ထွက်ပြေး တိမ်းရှောင်နေသူအား ဖမ်းမိ


မွန်ပြည်နယ် ရေးမြို့ ကျောင်းရွာကျေးရွာအုပ်စု ကိုင်းတောကျေးရွာ ခြံတစ်ခြံ၌ ဇူလိုင်လ ၁၆ရက်နေ့က ဖြစ်ပွားခဲ့သည့် ၅တန်းကျောင်းသူ မသီတာစန်း ၁၃နှစ်အရွယ်ခန့်အား မဖွယ်မရာ ခြိမ်းခြောက်ပြောဆိုကာ ဓါတ်ဆီပက်ဖျန်း မီးရှို့ ထွက်ပြေး တိမ်းရှောင်နေသူအား ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးရမိခဲ့ပြီးဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ပြစ်မှုကျူးလွန်သူ မျိုးမြင့်ဦး (ခ) မြင့်ဦး ၄၄နှစ်မှာထွက်ပြေးတိမ်းရှောင်ခဲ့ရာ ရဲတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူတို့က မျိုးမြင့်ဦး (ခ) မြင့်ဦးမှာ၎င်း၏နေအိမ်တွင်ရှိနေကြောင်း သတင်းအရ သြဂုတ် ၉ရက်ညနေ့ ၄နာရီခွဲအချိန်က ဖမ်းဆီးရမိခဲ့ကြောင်း မြို့မရဲစခန်းမှ သိရသည်။

မျိုးမြင့်ဦးမှာ ၅ တန်းကျောင်းသူ မသီတာစန်း ၁၃နှစ်အရွယ်အား မဖွယ်မရာပြုလုပ်ဖို့ကြိုး
စားနေစဉ် ခြိမ်းခြောက်ပြောဆိုကာ ဓါတ်ဆီလောင်းမီးရှို့ရာမှ ၅တန်းကျောင်းသူမှာကျောင်းရွာတိုက်နယ် ဆေးရုံကနေ မော်လမြိုင်ဆေးရုံသို့လွှဲပြောင်း ကုသနေစဉ်မှာပင် ဇူလိုင် ၃၀ ရက်နေ့ ကသေဆုံးခဲ့ကြောင်းသိရသည်။

၅တန်းကျောင်းသူ မိခင်ဒေါ်ခင်အေးစိုးမှ ဥပဒေအရ အရေးယူပေးပါရန် တိုင်တန်းမှုပြုလုပ်ပြီး ရေးမြို့မရဲစခန်းမှမျိုးမြင့်ဦးအား အမှုဖွင့်အရေးယူထားပြီး တိမ်းရှောင်ပြီးမှ သြဂုတ်၉ရက်နေ့ ညနေ့၎နာရီခွဲ အချိန်က ဖမ်းဆီးမိတယ်လို့ ရဲတပ်ဖွဲ့တွေက အတည်ပြုထုတ်ပြန်ထားကြောင်း
သိရသည်။

နေမျိုးထွဋ် ရေး
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
အမျိုသမီးတစ်ဦးအား ဓါတ်ဆီပက်ဖျန်း မီးရှို့ ထွက်ပြေး တိမ်းရှောင်နေသူအား ဖမ်းမိ အမျိုသမီးတစ်ဦးအား ဓါတ်ဆီပက်ဖျန်း မီးရှို့ ထွက်ပြေး တိမ်းရှောင်နေသူအား ဖမ်းမိ Reviewed by THITHTOOLWIN on 16:20 Rating: 5
Powered by Blogger.