ဖားကန့် ရှမ်းကုန်ဈေး မီးလောင်မှု နေအိမ် ၁၁လုံးနှင့် ဆိုင်းခန်း ၃၃ခန်း ကူးစက်လောင်ကျွမ်း


သြဂုတ် ၁၆

ယနေ့နံနက်က ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာ ရှမ်းကုန်းဈေးတွင် မီးလောင်ခဲ့သည့်ဖြစ်စဉ်တွင် လတ်တလောအခြေအနေအရ နေအိမ် ၁၁ လုံး နှင့် ဆိုင်ခန်းပေါင်း ၃၃ ခန်း ကူးစက်လောင်ကျွမ်းသွားခဲ့သည်ဟု ဆိုင်းတောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးတူးမိုင်က မြစ်ကြီးနားသတင်းဂျာနယ် သို့ပြောသည်။

ဈေးထဲရှိ ဦးကျော်ဝင်း ငါးဒိုင်မှ စတင်ကူးစက်လောင်ကျွမ်းခြင်းဖြစ်ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို မသိရသေးပေ။

''ငါးဒိုင်က မနက်အစောကြီး ဈေးရောင်းဖို့ ဟွန်ဒါမီးစက် နှိုးရင် ဝါယာရှော့ဖြစ်ပြီးလောင်တာ။ လောလောဆယ်တော့ အိမ်၁၁ လုံးနဲ့ ဆိုင်ခန်း ၃၃ ခန်းလောက်ပါသွားတယ်လို့သိရတယ်။ ဆုံးရှုံးမှုကတော့ တွက်နေဆဲဖြစ်ပါတယ်'' ဟု ဦးတူးမိုင်ကပြောသည်။

စည်သူ(မြစ်ကြီးနား)
Myitkyina News Journal
https://www.facebook.com/myitkyinanewsjournal.mm/
ဖားကန့် ရှမ်းကုန်ဈေး မီးလောင်မှု နေအိမ် ၁၁လုံးနှင့် ဆိုင်းခန်း ၃၃ခန်း ကူးစက်လောင်ကျွမ်း ဖားကန့် ရှမ်းကုန်ဈေး မီးလောင်မှု နေအိမ် ၁၁လုံးနှင့် ဆိုင်းခန်း ၃၃ခန်း ကူးစက်လောင်ကျွမ်း Reviewed by THITHTOOLWIN on 16:49 Rating: 5
Powered by Blogger.